Parables အကြောင်း ကျမ်းစာအခန်းငယ်များ: Of the prisoner of war
Of the prisoner of war အကြောင်း အခန်းငယ်များ
ရှင်ဘုရင်သည် ရှောက်သွားသောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတယောက် သည် စစ်ပွဲထဲက ထွက်လာ၍ ကျွန်တော်၌ လူတယောက် ကို အပ်သဖြင့် ဤလူကိုစောင့်လော့။ တစုံတခုအားဖြင့် ပျောက်လျှင်သူ့အသက်အတွက် သင့်အသက်သေရမည်။ သို့မဟုတ်ငွေအခွက်တဆယ် လျော်ရမည်ဟု မှာထား သော်လည်း၊
ကိုယ်တော်ကျွန်သည် အရပ်ရပ်၌ အမှုများသောအခါ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက်လျှင်၊ ဣသရေလရှင်ဘုရင်က၊ သင့်အမှုကို ထိုသို့ပင် စီရင်ရ မည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော် မူ၏။
ထိုပရောဖက်သည်မျက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့်၊ ပရောဖက်တစုံတပါးဖြစ်ကြောင်းကို ဣသ ရေလရှင်ဘုရင်သိ၏။
ပရောဖက်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါကျိန်သောသူကို သင်လွှတ်သောကြောင့်၊ သင့်အသက်သည် သူ့အသက်အတွက်၊ သင့်လူတို့သည် သူ့လူတို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။