အကြောင်းအရာသို့ ကျော်သွားရန်

Old Age အကြောင်း ကျမ်းစာအခန်းငယ်များ

39 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။

  2. အကယ်၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။

  3. ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။

  4. နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။

  5. ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည်။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည်။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည်။

  6. ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသော အခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည်။

  7. ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။

  8. ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း ၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်း အရာတို့သည် ဖြစ်ကြလိမ့်မည်။

  9. ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။

  10. သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင် အောင်၊ ငါသည် ထိုသို့သော သူဖြစ်၍၊ သင်တို့ကို ဆောင် ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင် ရွက်၍ ကယ်တင်မည်။

  11. အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။

  12. အသက်ကြီးရင့်သောယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣန္ဒြေစောင့် သောသူ၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊

  13. ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကြူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊

  14. အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။