အကြောင်းအရာသို့ ကျော်သွားရန်

Meat Offerings အကြောင်း ကျမ်းစာအခန်းငယ်များ

49 အခန်းငယ် · 28 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏

  2. ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။

  3. ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။

  4. အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊

  5. အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊

  6. အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊

  7. သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊

  8. ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊

  9. ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။

  10. သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊

  11. ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။

  12. ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊

  13. မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊

  14. နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။

  15. နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။

  16. ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။

  17. လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရော ဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။

  18. ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ တန်ဆာ မျိုးကို၎င်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို၎င်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင်၏။

  19. ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏ တာရှိ၏။ ထိုသို့သော အရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။

  20. တိုင်းသောသူကလည်း၊ လွတ်လပ်သော အရပ် ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်း သောအခန်း၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများ ကို စားရသောအခန်းဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်း သောကြောင့်အလွန် သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော် သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။

  21. ထိုချီးမြှောက်ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။

  22. ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့ သည် ငိုကြွေးမြည်တမ်းကြ၏။

  23. အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင်၏ အိမ် တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။

  24. မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသော တိရစ္ဆာန် တို့ကို မိဿဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု။