အကြောင်းအရာသို့ ကျော်သွားရန်

Ingratitude to God အကြောင်း ကျမ်းစာအခန်းငယ်များ: Illustrated

22 အခန်းငယ် · 14 ရှုထောင့်

Illustrated အကြောင်း အခန်းငယ်များ

  1. ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်တဆူရှိ၏။

  2. မြေကိုတူး၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော် မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍၊ စပျစ်သီးနယ် ရာကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟုမြော်လင့်သည်ရှိသော်၊ ဗောရှသီး ကို သီးပါသည်တကား။

  3. ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။

  4. ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း။

  5. ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြု ရမည်အမှုကို သင်တို့အား ငါဘော်ပြမည်။ စောင်းရန်းကို ငါပယ်ရှင်းသဖြင့်။ သူတပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုကိုဖျိုသဖြင့်၊ သူတပါးတို့သည် ကျော်နင်းကြ လိမ့်မည်။

  6. ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူ မျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင် အမျိုးမျိုးပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ်မည်။

  7. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက် တော်မူသော ပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကို၎င်း တွေ့မြင်တော်မူ၏။

  8. တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊

  9. အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့။

  10. ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဘွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊သင်၏အမိသည် ဟိတ္တိအမျိုး ဖြစ်၏။

  11. သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား၊ ဘွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊သန့်ရှင်းစေခြင်းငှါ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊

  12. ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား၊ ဘွားသောနေ့၌သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကို ခံရ၏။

  13. ငါသည် ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိ သော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။

  14. မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့်၊သင်သည် အစဉ်အတိုင်း ကြီး၍ လှသော အဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်းအမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။

  15. တဖန်ငါသည်ရှောက်သွား၍ သင့်ကိုမြင်သော အခါ၊ သင်၌ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသော ကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။

  16. ထိုအခါ သင့်ကို ရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့်လိမ်း၏။

  17. ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှ သားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့်ခြုံစေ၏။

  18. လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာ မျိုးကို ဆင်စေ၏။

  19. နားထောင်း၊ နှာဆွဲ၊ လှသော ပေါင်းကိုလည်း ဆင်စေ၏။

  20. ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ၍၊ မိဖုရားအရာကိုခံရ၏။

  21. ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသော ကြောင့်၊ သင်သည် လှသောအဆင်းနှင့်စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။

  22. သို့ရာတွင်၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့်၊ ယောက်ျား တိုင်းအခွင့်ရ၏။