အကြောင်းအရာသို့ ကျော်သွားရန်

Infidelity အကြောင်း ကျမ်းစာအခန်းငယ်များ

97 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့ သားအကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် ကို နားထောင်ကြလော့။

  2. သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယ ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသော ဘေးသည် ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့ မရောက်ရ။ ငါတို့သည် မုသာကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊

  3. တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင် ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုဃ်း သီးရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ် ရာအရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။

  4. သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။

  5. ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညဉ့်မပြတ် ချင်းနင်းသည် ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအ ကြောင်းရှိလိမ့်မည်။

  6. ခုတင်သည် ကိုယ်မဆန့်လောက်အောင်တို၏။ စောင်သည်လည်း ခြုံလောက်အောင်ငယ်၏။

  7. ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ၎င်း၊ အလုပ်တော် တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက် စသတ်ခြင်းငှါ၎င်း၊ ပေရဇိမ်တောင်ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက် တော်မူမည်။

  8. ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေးခြင်း ကို မပြုကြနှင့်။ ပြည်တပြည်လုံး၌ အနှံ့အပြားစီရင်ဆုံး ဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါ ကြားရပြီ။

  9. ထာဝရဘုရား မသိစေခြင်းငှါ၊ နက်နဲသောအ ကြံကို ကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူမြင်သနည်း။ ငါတို့ကို အဘယ်သူသိသနည်းဟု ပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။

  10. သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုး ထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ် သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူ သည် ငါ့ကိုမလုပ်ဟု ဆိုရမည်လော၊ ဖန်ဆင်းအပ်သော အရာသည် ဖန်ဆင်းတတ်သောသူကို ရည်မှတ်၍၊ ဤသူ ၌ ပညာအတတ်မရှိဟု ဆိုရမည်လော။

  11. အကြင်သူသည် မိမိကို ဖန်ဆင်းသော သူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုး ခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်း သမားကို ဆိုရမည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိ ဟု သင်လုပ်သော အရာကဆိုရမည်လော။

  12. မိမိအဘအား၊ သင်သည် အဘယ်သို့သော အရာကို ဖြစ်ဘွားစေသနည်းဟု၍၎င်း၊ မိမိအမိအား၊ သင်သည် အဘယ်သို့သော အရာကို မွေးဘွားသနည်းဟူ ၍၎င်း ဆိုသောသူသည် အမင်္ဂလာရှိ၏။

  13. သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစား ပြီ။ ငါ့ကို အဘယ်သူမျှ မမြင်ဟု ဆိုပြီ။ သင့်ဉာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည် ဖြစ်၍၊ သင်က ငါရှိ၏၊ ငါမှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။

  14. ထို့ကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင် သော အပြစ်ဒဏ်နှင့်၎င်း၊ မမြော်လင့်နိုင်အောင် ချက် ခြင်း ဖျက်ဆီးခြင်းနှင့်၎င်း တွေ့ကြုံရလိမ့်မည်။

  15. သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော။

  16. စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော။

  17. ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏ တာရှိ၏။ ထိုသို့သော အရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။

  18. မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင် ကို ထားပြီလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။

  19. သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိ ခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကို လည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။

  20. ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။

  21. ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။

  22. သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။

  23. ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့်၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။

  24. ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။

  25. ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည်။