အကြောင်းအရာသို့ ကျော်သွားရန်

Homicide အကြောင်း ကျမ်းစာအခန်းငယ်များ

44 အခန်းငယ် · 12 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုမြို့တို့၏ အမည်ကား၊ ရုဗင်အမျိုးသား နေရာတောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုး သားနေရာ ဂိလဒ်ပြည်၌ ရာမုတ်မြို့၊ မနာရှေအမျိုး သားနေရာ ဗာရှန်ပြည် ၌ ဂေါလန်မြို့တည်း။

  2. သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည်။

  3. လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။

  4. လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊

  5. လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ ပြေး၍ အသက်ချမ်းသာရလိမ့်မည်။

  6. သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။

  7. ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။

  8. ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎င်း၊

  9. သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင်၎င်း၊

  10. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံ ထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။

  11. တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ၍၊

  12. သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊

  13. လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။

  14. ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။

  15. သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူ ကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။

  16. ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရား စီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊

  17. သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊

  18. ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။

  19. ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။