အကြောင်းအရာသို့ ကျော်သွားရန်

Genealogy အကြောင်း ကျမ်းစာအခန်းငယ်များ

114 အခန်းငယ် · 8 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်းနှစ်ရာတကျိပ်ရှစ်ယောက်၊

  2. ရှေလောမိတ်အမျိုး၊ ယောသိဖိသားနှင့် ယောက်ျားပေါင်းတရာခြောက်ကျိပ်၊

  3. ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျား ပေါင်းနှစ်ကျိပ် ရှစ်ယောက်၊

  4. အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ်၊

  5. အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသော သူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ်၊

  6. ဗိဂဝဲအမျိုးသားဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျား ပေါင်းခုနစ်ကျိပ်တည်း။

  7. ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နား မှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံးတဲ၌ နေကြ၏။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသား တယောက်ကိုမျှ မတွေ့သောအခါ၊

  8. အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊

  9. အာဗြဟံသား ဣဇာတ်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစု။

  10. ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သော သားဖာရက်နှင့်ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။

  11. အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။

  12. စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင်မြင်သော သားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သော သားဩဗက်။ ဩဗက်သားယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း။

  13. ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဘူးသော မိန်းမတွင်မြင်သောသားရှောလမုန်။

  14. ရှောလမုန်သား ရောဗောင်။ ရောဗာင်သား အဘိယ။ အဘိယာသား အာသ။

  15. အာသသားယောရှဖတ်။ ယောရှဖတ်သား ယဟောရံ။ ယဟောရံသား ဩဇိ။

  16. ဩဇိသားယောသံ။ ယောသံသား အာခတ်။ အာခတ်သား ဟေဇကိ။

  17. ဟေဇကိသားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။

  18. ယောရှိသား ယောယကိမ်။ ယောယကိမ်သည် ဗာဗုလုန်မြို့သို့ နေရာပြောင်းခါနီးတွင် မြင်သောသား ယေခေါနိမှစ၍ ညီနောင်တစုတည်း။

  19. ဗာဗုလုန်မြို့သို့ နေရာပြောင်းသည့်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။

  20. ဇေရုဗဗလသားအဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။

  21. အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။

  22. ဧလုဒ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။

  23. ယာကုပ်မြင်သောသားကား၊ မာရိ၏ ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ် သမုတ်သော ယေရှု၏ မယ်တော်ဖြစ်၏။

  24. ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘဧလိ၊

  25. ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ ပေလခိဘ ယန္န၊ ယန္နအဘ ယောသပ်၊