Skip to content

Commandments အကြောင်း ကျမ်းစာအခန်းငယ်များ

394 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမ တော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူ ကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။

  2. သင်၏ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့်လော့။

  3. ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။

  4. သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်း အစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေ သော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာ နေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ်စွာ နေရကြမည်။

  5. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင် တော်မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုပ်နေ့ကို စောင့်ရမည်ဟု သင်၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၏။

  6. သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနား တော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ မိဘကို ရိုသေစွာပြုလော့။

  7. လူအသက်ကို မသတ်နှင့်။

  8. သူ့မယားကိုမပြစ်မှားနှင့်။

  9. သူ့ဥစ္စာကို မခိုးနှင့်။

  10. ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကို မခံနှင့်။

  11. ကိုယ်နှင့်စပ်ဆိုင်သော သူ၏မယားကို တပ်မက် သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သော သူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာ တစုံတခုမျှ တပ်မက် လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။

  12. အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။

  13. သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။

  14. ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရ မည်။

  15. ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။

  16. ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့ သို့၎င်း ချည်ထားရမည်။

  17. အိမ်တံခါး၊ မြို့တံခါးတို့၌လည်း ရေးထားရမည်။

  18. သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။

  19. ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။

  20. အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။

  21. သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက် တာ ရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။

  22. သင်တို့အား ယနေ့ ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့ သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့် ရှောက်စေခြင်းငှါ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြ မည်။

  23. ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ ဤအမှုကို စောင့်ရှောက်လျှင်၊ ကိုယ်အသက် တာရှည်ကြလိမ့်မည်ဟု ပြောဆို၏။

  24. ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့၊ ယဇ်ပလ္လင်ကို တည်လေ၏။

  25. ထာဝရဘုရား၏ ကျွန်မောရှေသည်၊ ဣသရေ လအမျိုးသားတို့ကို မှာထား၍ မောရှေ၏ ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သော ကျောက်တို့ဖြင့် ယဇ်ပလ္လင်ကို တည်၍၊ ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။