Skip to content

Chastity အကြောင်း ကျမ်းစာအခန်းငယ်များ

60 အခန်းငယ် · 21 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိထိမ်းမြားကြစေ။

  2. သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သော အခွင့်နှင့် ကိုယ်စိတ် အလိုကို ချုပ်တည်းနိုင်သော အခွင့်ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင် ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။

  3. ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊

  4. ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊

  5. သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။

  6. ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။

  7. သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ်၏။

  8. ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။

  9. ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။

  10. အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။