Chastity အကြောင်း ကျမ်းစာအခန်းငယ်များ: Keep the body in
Keep the body in အကြောင်း အခန်းငယ်များ
သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏ အင်္ဂါကိုယူ၍ ပြည်တန်ဆာ၏ အင်္ဂါဖြစ်စေအပ် သလော။ မဖြစ်စေအပ်။
အဘယ်သို့နည်း။ ပြည်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော။ ထိုသူ နှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။
သခင်ဘုရား၌မှီဝဲသော သူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ်၏။
မတရားသောမေထုန်ကိုကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက် ရှိသမျှတို့သည် ကိုယ်ပြင် ၌ရှိ၏။ မတရားသော မေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင်ပြစ်မှား၏။