အကြောင်းအရာသို့ ကျော်သွားရန်

circa 1446–1406 BC

The Wilderness Years

Forty years of wandering in the desert test Israel's faith and prepare a new generation to enter the promised land.

2,247 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တရားဟောရာကျမ်း 10:19ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဘူးပြီ။

  2. တရားဟောရာကျမ်း 10:20ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက် ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။

  3. တရားဟောရာကျမ်း 10:21ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။

  4. တရားဟောရာကျမ်း 10:22ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်၏ ဘိုးဘေးတို့သည်၊ အရေအတွက်အား ဖြင့် လူခုနစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ သင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။

  5. တရားဟောရာကျမ်း 11:1ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။

  6. တရားဟောရာကျမ်း 11:2ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊

  7. တရားဟောရာကျမ်း 11:3ခရစ်တော် မပေါ်မီ 1491 ခန့်

    ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊

  8. တရားဟောရာကျမ်း 11:4ခရစ်တော် မပေါ်မီ 1491 ခန့်

    အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသော အမှုကို ၎င်း၊ သင်တို့ကိုလိုက်သော သူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်း ကို၎င်း၊

  9. တရားဟောရာကျမ်း 11:5ခရစ်တော် မပေါ်မီ 1491 ခန့်

    ဤအရပ်သို့ မရောက်မှီ၊ တော၌ လှည့်လည်စဉ် တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊

  10. တရားဟောရာကျမ်း 11:6ခရစ်တော် မပေါ်မီ 1491 ခန့်

    ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့ အား ပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိ ခံတွင်းကို ဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသော ဥစ္စာပစ္စည်းများကို၊ ဣသရေလ အမျိုးသားတို့ အလယ်၌၊ မျိုကြောင်းကို၎င်း မသိမမြင် သော သင်တို့၏ သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့။

  11. တရားဟောရာကျမ်း 11:7ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံ တို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။

  12. တရားဟောရာကျမ်း 11:8ခရစ်တော် မပေါ်မီ 1491 ခန့်

    ထို့ကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့ သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည် အကြောင်း၊

  13. တရားဟောရာကျမ်း 11:9ခရစ်တော် မပေါ်မီ 1491 ခန့်

    ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသော ပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။

  14. တရားဟောရာကျမ်း 11:10ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သွား၍ ဝင်စားလတံ့သော ပြည်သည် ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်း ရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။

  15. တရားဟောရာကျမ်း 11:11ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကို သောက် သောပြည်၊

  16. တရားဟောရာကျမ်း 11:12ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။

  17. တရားဟောရာကျမ်း 11:13ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည် အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊

  18. တရားဟောရာကျမ်း 11:14ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကို စုသိမ်း စေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်း တည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သော မိုဃ်းရေကို ငါပေးမည်။

  19. တရားဟောရာကျမ်း 11:15ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့ တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေ မည်။

  20. တရားဟောရာကျမ်း 11:16ခရစ်တော် မပေါ်မီ 1491 ခန့်

    သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍ လမ်းမလွဲ၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြ လော့။

  21. တရားဟောရာကျမ်း 11:17ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့မဟုတ် ထာဝရဘုရားသည် အမျက်တော် ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ။ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရား ပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျှင်အမြန် ပျောက်ပျက်ကြလိမ့်မည်။

  22. တရားဟောရာကျမ်း 11:18ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်နှလုံး၌ သွင်းထား၍၊ လက်၌ လက္ခဏာသက်သေ ဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရ ကြမည်။

  23. တရားဟောရာကျမ်း 11:19ခရစ်တော် မပေါ်မီ 1491 ခန့်

    ထိုစကားကို သင်တို့သည် အိမ်၌ ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထ လျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။

  24. တရားဟောရာကျမ်း 11:20ခရစ်တော် မပေါ်မီ 1491 ခန့်

    အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။

  25. တရားဟောရာကျမ်း 11:21ခရစ်တော် မပေါ်မီ 1491 ခန့်

    သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများ အသက်တာသည်၊ ကောင်းကင်၌ အသက် တာ ရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။