အကြောင်းအရာသို့ ကျော်သွားရန်

circa 1010–970 BC

The Reign of David

David unites the tribes, conquers Jerusalem, and establishes Israel's golden age—even through deep personal failure.

1,230 အခန်းငယ် · 2 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရာဇဝင်ချုပ်ပဌမစောင် 26:13ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ၍၊

  2. ရာဇဝင်ချုပ်ပဌမစောင် 26:14ခရစ်တော် မပေါ်မီ 1015 ခန့်

    အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ၏။

  3. ရာဇဝင်ချုပ်ပဌမစောင် 26:15ခရစ်တော် မပေါ်မီ 1015 ခန့်

    ဩဗဒေဒုံသည် တောင်မျက်နှာကို၎င်း၊ သူ၏ သားတို့သည် အသုပိမ်အိမ်ကို၎င်း ရ၏။

  4. ရာဇဝင်ချုပ်ပဌမစောင် 26:16ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ရှလ္လေခက်တံခါးကိုရ၍ တဘက်တချက်၌ စောင့်ရ၏။

  5. ရာဇဝင်ချုပ်ပဌမစောင် 26:17ခရစ်တော် မပေါ်မီ 1015 ခန့်

    နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌လေးယောက်၊ တောင်မျက်နှာ၌လေးယောက်၊ အသုပိမ်ဘက် မှာနှစ်ယောက်၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက်၊

  6. ရာဇဝင်ချုပ်ပဌမစောင် 26:18ခရစ်တော် မပေါ်မီ 1015 ခန့်

    အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တန်တိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။

  7. ရာဇဝင်ချုပ်ပဌမစောင် 26:19ခရစ်တော် မပေါ်မီ 1015 ခန့်

    ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း။

  8. ရာဇဝင်ချုပ်ပဌမစောင် 26:20ခရစ်တော် မပေါ်မီ 1015 ခန့်

    လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။

  9. ရာဇဝင်ချုပ်ပဌမစောင် 26:21ခရစ်တော် မပေါ်မီ 1015 ခန့်

    အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊

  10. ရာဇဝင်ချုပ်ပဌမစောင် 26:22ခရစ်တော် မပေါ်မီ 1015 ခန့်

    သူ၏သားဇေသံ ယောလတို့သည်လည်း ဘုရား သခင်၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ၏။

  11. ရာဇဝင်ချုပ်ပဌမစောင် 26:23ခရစ်တော် မပေါ်မီ 1015 ခန့်

    အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးသားအချို့ပါကြ၏။

  12. ရာဇဝင်ချုပ်ပဌမစောင် 26:24ခရစ်တော် မပေါ်မီ 1015 ခန့်

    မောရှေသားဂေရရှုံ၏သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။

  13. ရာဇဝင်ချုပ်ပဌမစောင် 26:25ခရစ်တော် မပေါ်မီ 1015 ခန့်

    ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသားရေဟဗိ၊ သူ၏သားယေရှာယ၊ သူ၏သားယောရံ၊ သူ၏သားဇိခရိ၊ သူ၏သားရှေလောမိတ်တည်း။

  14. ရာဇဝင်ချုပ်ပဌမစောင် 26:26ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုရှေလောမိတ်နှင့်သူ၏ညီတို့သည် ဒါဝိဒ် မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာ အုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။

  15. ရာဇဝင်ချုပ်ပဌမစောင် 26:27ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ၏။

  16. ရာဇဝင်ချုပ်ပဌမစောင် 26:28ခရစ်တော် မပေါ်မီ 1015 ခန့်

    ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။

  17. ရာဇဝင်ချုပ်ပဌမစောင် 26:29ခရစ်တော် မပေါ်မီ 1015 ခန့်

    ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။

  18. ရာဇဝင်ချုပ်ပဌမစောင် 26:30ခရစ်တော် မပေါ်မီ 1015 ခန့်

    ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီတထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။

  19. ရာဇဝင်ချုပ်ပဌမစောင် 26:31ခရစ်တော် မပေါ်မီ 1015 ခန့်

    ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ် ပြည်ယာဇာမြို့၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့၏။

  20. ရာဇဝင်ချုပ်ပဌမစောင် 26:32ခရစ်တော် မပေါ်မီ 1015 ခန့်

    ယေရိယ၏ပေါက်ဘော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး၍ ဘုရားသခင်၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။

  21. ရာဇဝင်ချုပ်ပဌမစောင် 27:1ခရစ်တော် မပေါ်မီ 1015 ခန့်

    ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတထောင် အုပ်၊ တရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့၍၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ၏။

  22. ရာဇဝင်ချုပ်ပဌမစောင် 27:2ခရစ်တော် မပေါ်မီ 1015 ခန့်

    ပဌမလတွင် ပဌမတပ်ကိုအုပ်သော ဗိုလ်မင်း ကား၊ ဇာဗဒေလသားယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။

  23. ရာဇဝင်ချုပ်ပဌမစောင် 27:3ခရစ်တော် မပေါ်မီ 1015 ခန့်

    ထိုမင်းသည် ဖါရက်အမျိုးသားဖြစ်၍၊ ပဌမလ တွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။

  24. ရာဇဝင်ချုပ်ပဌမစောင် 27:4ခရစ်တော် မပေါ်မီ 1015 ခန့်

    ဒုတိယလတွင် အမှုစောင့်သောတပ်ကို အုပ် သောဗိုလ်မင်းကား၊ အဟောဟိအမျိုးသားဒေါဒနှင့် စစ်ကဲမိကလုပ်၊ တပ်သားပေါင်းနှစ်သောင်းလေးထောင် တည်း။

  25. ရာဇဝင်ချုပ်ပဌမစောင် 27:5ခရစ်တော် မပေါ်မီ 1015 ခန့်

    တတိယလနှင့် ဆိုင်သောတတိယတပ်ဗိုလ်မင်း ကား၊ ယဇ်ပုရောဟိတ်ကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။