circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်လုကာခရစ်ဝင် 1:27ခရစ်တော် မပေါ်မီ 5 ခန့်
မရှက်တင်သေးသော သတို့သမီးကညာဆီသို့ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလကို စေ လွှတ်တော်မူ၏။ သတို့သမီးကညာကား၊ မာရိအမည်ရှိ၏။
- ရှင်လုကာခရစ်ဝင် 1:28ခရစ်တော် မပေါ်မီ 5 ခန့်
ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။
- ရှင်လုကာခရစ်ဝင် 1:29ခရစ်တော် မပေါ်မီ 5 ခန့်
မာရိသည် ထိုစကားကိုကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍၊ ဤနှုတ်ဆတ်ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင်၍နေ၏။
- ရှင်လုကာခရစ်ဝင် 1:30ခရစ်တော် မပေါ်မီ 5 ခန့်
ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာ ရပြီ။
- ရှင်လုကာခရစ်ဝင် 1:31ခရစ်တော် မပေါ်မီ 5 ခန့်
သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရ မည်။
- ရှင်လုကာခရစ်ဝင် 1:32ခရစ်တော် မပေါ်မီ 5 ခန့်
ထိုသားသည်ကား၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်သခင်သည် သူ့အားပေးတော်မူ မည်။
- ရှင်လုကာခရစ်ဝင် 1:33ခရစ်တော် မပေါ်မီ 5 ခန့်
ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံး ခြင်းမရှိရဟုပြောဆို၏။
- ရှင်လုကာခရစ်ဝင် 1:34ခရစ်တော် မပေါ်မီ 5 ခန့်
မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျားနှင့် မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
- ရှင်လုကာခရစ်ဝင် 1:35ခရစ်တော် မပေါ်မီ 5 ခန့်
ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော် မူ၍၊ အမြင့်ဆုံးသောဘုရား၏တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 1:36ခရစ်တော် မပေါ်မီ 5 ခန့်
ထိုမှတပါး၊ အမြုံမဟူ၍ခေါ်ဝေါ်သောသင်၏ အဆွေအမျိုးဧလိရှဗက်သည် ပဋိသန္ဓေစွဲယူ၍ ယခု ခြောက်လအဝင်ရှိပြီ။
- ရှင်လုကာခရစ်ဝင် 1:37ခရစ်တော် မပေါ်မီ 5 ခန့်
ဘုရားသခင်တတ်နိုင်တော်မမူသောအမှုမရှိဟု ပြောဆိုလျှင်၊
- ရှင်လုကာခရစ်ဝင် 1:38ခရစ်တော် မပေါ်မီ 5 ခန့်
မာရိက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ၊ ကောင်းကင်တမန်သည် မာရိထံမှသွားလေ၏။
- ရှင်လုကာခရစ်ဝင် 1:39ခရစ်တော် မပေါ်မီ 5 ခန့်
ထိုအခါမာရိသည်ထ၍၊ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တမြို့သို့ အလျင်အမြန် သွားပြီးလျှင်၊
- ရှင်လုကာခရစ်ဝင် 1:40ခရစ်တော် မပေါ်မီ 5 ခန့်
ဇာခရိအိမ်သို့ဝင်၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။
- ရှင်လုကာခရစ်ဝင် 1:41ခရစ်တော် မပေါ်မီ 5 ခန့်
ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊
- ရှင်လုကာခရစ်ဝင် 1:42ခရစ်တော် မပေါ်မီ 5 ခန့်
သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္ဂလာရှိ၏။
- ရှင်လုကာခရစ်ဝင် 1:43ခရစ်တော် မပေါ်မီ 5 ခန့်
အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။
- ရှင်လုကာခရစ်ဝင် 1:44ခရစ်တော် မပေါ်မီ 5 ခန့်
သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန်၏။
- ရှင်လုကာခရစ်ဝင် 1:45ခရစ်တော် မပေါ်မီ 5 ခန့်
ယုံကြည်သောမိန်းမသည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသော စကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
- ရှင်လုကာခရစ်ဝင် 1:46ခရစ်တော် မပေါ်မီ 5 ခန့်
မာရိကလည်း၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။
- ရှင်လုကာခရစ်ဝင် 1:47ခရစ်တော် မပေါ်မီ 5 ခန့်
ငါ့ကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကို အမှီပြု၍ ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။
- ရှင်လုကာခရစ်ဝင် 1:48ခရစ်တော် မပေါ်မီ 5 ခန့်
အကြောင်းမူကား၊ မိမိကျွန်မ၏နှိမ့်ချသောအဖြစ်ကိုကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 1:49ခရစ်တော် မပေါ်မီ 5 ခန့်
တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ၊ ထိုဘုရား ၏ နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 1:50ခရစ်တော် မပေါ်မီ 5 ခန့်
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏။
- ရှင်လုကာခရစ်ဝင် 1:51ခရစ်တော် မပေါ်မီ 5 ခန့်
လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။