အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 51:7ခရစ်တော် မပေါ်မီ 712 ခန့်

    ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ၏တရားကို နှလုံးသွင်းမိသော သူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။

  2. ဟေရှာယအနာဂတ္တိကျမ်း 51:8ခရစ်တော် မပေါ်မီ 712 ခန့်

    အကြောင်းမူကား၊ ပိုးရွတို့သည် သိုးမွှေးအဝတ် ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြ လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရ ဖြစ်၍၊ ငါ၏ ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။

  3. ဟေရှာယအနာဂတ္တိကျမ်း 51:9ခရစ်တော် မပေါ်မီ 712 ခန့်

    အို ထာဝရဘုရား၏ လက်ရုံးတော်၊ နိုးတော်မူ ပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန် ဘူးသော ကာလ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကို ဒဏ်ခတ် ၍ နဂါးကို နာစေသောသူကား၊ ကိုယ်တော်ပင် မဟုတ် လော။

  4. ဟေရှာယအနာဂတ္တိကျမ်း 51:10ခရစ်တော် မပေါ်မီ 712 ခန့်

    ပင်လယ်ရေ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနှုတ်သော သူများ သွားစရာလမ်းဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။

  5. ဟေရှာယအနာဂတ္တိကျမ်း 51:11ခရစ်တော် မပေါ်မီ 712 ခန့်

    သို့ဖြစ်၍၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်း မြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။

  6. ဟေရှာယအနာဂတ္တိကျမ်း 51:12ခရစ်တော် မပေါ်မီ 712 ခန့်

    သင်တို့ကို နှစ်သိမ့်စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသော လူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘော ရှိသနည်း။

  7. ဟေရှာယအနာဂတ္တိကျမ်း 51:13ခရစ်တော် မပေါ်မီ 712 ခန့်

    မိုဃ်းကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်း တော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲ သော သူ၏ဒေါသအမျက်သည် အဘယ်မှာ ရှိသနည်း။

  8. ဟေရှာယအနာဂတ္တိကျမ်း 51:14ခရစ်တော် မပေါ်မီ 712 ခန့်

    အချုပ်ခံရသော သူသည် ထောင်ထဲမှာ မသေ၊ ရေစာမပြတ်၊ လျင်မြန်စွာ ကယ်နှုတ်ခြင်းသို့ ရောက်လိမ့် မည်။

  9. ဟေရှာယအနာဂတ္တိကျမ်း 51:15ခရစ်တော် မပေါ်မီ 712 ခန့်

    ငါသည် သမုဒ္ဒရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။

  10. ဟေရှာယအနာဂတ္တိကျမ်း 51:16ခရစ်တော် မပေါ်မီ 712 ခန့်

    မိုဃ်းကောင်းကင်ကို ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါ၎င်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှါ၎င်း၊ ငါ့စကားကို သင်၏နှုတ် ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကို ငါမိုးပြီ။

  11. ဟေရှာယအနာဂတ္တိကျမ်း 51:17ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရား၏လက်တော်၌ အမျက်တော် ဖလားကို သောက်သော ယေရုရှလင်မြို့၊ နိုးလော့။ နိုး၍ ထလော့။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန် သောက်ခဲ့ပြီ။ အနည်အဖက်ကိုလည်း ညှစ်ခဲ့ပြီ။

  12. ဟေရှာယအနာဂတ္တိကျမ်း 51:18ခရစ်တော် မပေါ်မီ 712 ခန့်

    ကိုယ်တိုင်ဘွားမြင်သော သားတို့တွင်၊ သင့်ကို လမ်းပြသော သူတယောက်မျှမရှိ။ ကိုယ်တိုငိမွေးစားသော သားတို့တွင်၊ သင့်ကို လက်ဆွဲသော သူတယောက်မျှမရှိ။

  13. ဟေရှာယအနာဂတ္တိကျမ်း 51:19ခရစ်တော် မပေါ်မီ 712 ခန့်

    အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ထား ဖြင့် ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ် သို့ ချမ်းသာပေးနိုင်သနည်း။

  14. ဟေရှာယအနာဂတ္တိကျမ်း 51:20ခရစ်တော် မပေါ်မီ 712 ခန့်

    သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်း ဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ဝကြ၏။

  15. ဟေရှာယအနာဂတ္တိကျမ်း 51:21ခရစ်တော် မပေါ်မီ 712 ခန့်

    သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ် ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။

  16. ဟေရှာယအနာဂတ္တိကျမ်း 51:22ခရစ်တော် မပေါ်မီ 712 ခန့်

    သင်၏အရှင်၊ မိမိလူတို့၏အမှုကို စောင့်တော်မူ သော သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသော ဖလား၊ ငါ့အမျက် တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှ ငါရုပ်၍၊ သင်သည် နောက်တဖန်မသောက်ရ။

  17. ဟေရှာယအနာဂတ္တိကျမ်း 51:23ခရစ်တော် မပေါ်မီ 712 ခန့်

    သင်သည် ခရီးသွားသော သူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ်၍၊ အလျားဝပ်စေခြင်းငှါ ဝပ်လျက်နေ တော့။ ငါကျော်သွားမည်ဟုဆို၍၊ သင့်ကို ညှဉ်းဆဲသော သူတို့လက်၌ ထိုဖလားကို ငါထားမည်။

  18. ဟေရှာယအနာဂတ္တိကျမ်း 52:1ခရစ်တော် မပေါ်မီ 712 ခန့်

    အို ဇိအုန်မြို့၊ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို့တည်းဟူသော၊ သန့်ရှင်းသော မြို့၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ် ဆင်လော့။ အကြောင်းမူကား၊ နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင်၏အထဲသို့ မဝင်ရကြ။

  19. ဟေရှာယအနာဂတ္တိကျမ်း 52:2ခရစ်တော် မပေါ်မီ 712 ခန့်

    အိုယေရုရှလင်မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့်ကို ခါလိုက်၍၊ မြင့်သော အရပ်၌ ထိုင်လော့။ အိုချုပ်ထား လျက်ရှိသော ဇိအုန်သတို့သမီး၊ သင်၏လည်ကြိုးကို ချွတ် လော့။

  20. ဟေရှာယအနာဂတ္တိကျမ်း 52:3ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်ဘိုးငွေကို မရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေမပေးဘဲ ရွေးခြင်းသို့ ရောက်ကြလိမ့်မည်။

  21. ဟေရှာယအနာဂတ္တိကျမ်း 52:4ခရစ်တော် မပေါ်မီ 712 ခန့်

    အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့သည် အထက်က အဲဂုတ္တုပြည်၌ တည်းခိုအံ့ သောငှါ သွားကြ၏။ နောက်မှ အာရှုရိလူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲကြ၏။

  22. ဟေရှာယအနာဂတ္တိကျမ်း 52:5ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို အကြောင်းမရှိဘဲ ယူသွား၍၊ အစိုးရသော သူတို့သည် ဝါကြွားလျက် ငါ့နာမကို နေ့တိုင်းကဲ့ရဲ့ကြသည် ဖြစ်၍၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။

  23. ဟေရှာယအနာဂတ္တိကျမ်း 52:6ခရစ်တော် မပေါ်မီ 712 ခန့်

    သို့ဖြစ်၍၊ ငါ၏လူတို့သည် ငါ့ကို သိကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ် ငါရှိသည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။

  24. ဟေရှာယအနာဂတ္တိကျမ်း 52:7ခရစ်တော် မပေါ်မီ 712 ခန့်

    ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင်၏ ဘုရားသခင်စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသော သူ၏ ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွ တကား။

  25. ဟေရှာယအနာဂတ္တိကျမ်း 52:8ခရစ်တော် မပေါ်မီ 712 ခန့်

    သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြ လော့။ သူတို့သည် အသံကို လွှင့်၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူ ကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူ ကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။