အကြောင်းအရာသို့ ကျော်သွားရန်

circa 800–400 BC

The Hebrew Prophets

God speaks through Isaiah, Jeremiah, and the minor prophets—calling Israel to repentance and foretelling the coming Messiah.

3,706 အခန်းငယ် · 14 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဟေရှာယအနာဂတ္တိကျမ်း 54:7ခရစ်တော် မပေါ်မီ 712 ခန့်

    သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာ သော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည်။

  2. ဟေရှာယအနာဂတ္တိကျမ်း 54:8ခရစ်တော် မပေါ်မီ 712 ခန့်

    ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ၏။

  3. ဟေရှာယအနာဂတ္တိကျမ်း 54:9ခရစ်တော် မပေါ်မီ 712 ခန့်

    နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည် မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက် မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။

  4. ဟေရှာယအနာဂတ္တိကျမ်း 54:10ခရစ်တော် မပေါ်မီ 712 ခန့်

    တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။

  5. ဟေရှာယအနာဂတ္တိကျမ်း 54:11ခရစ်တော် မပေါ်မီ 712 ခန့်

    အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်၎င်း၊

  6. ဟေရှာယအနာဂတ္တိကျမ်း 54:12ခရစ်တော် မပေါ်မီ 712 ခန့်

    ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါးတို့ကို ပတ္တ မြားဖြင့်၎င်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်၎င်း ငါပြီးစေမည်။

  7. ဟေရှာယအနာဂတ္တိကျမ်း 54:13ခရစ်တော် မပေါ်မီ 712 ခန့်

    သင်၏သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည်။

  8. ဟေရှာယအနာဂတ္တိကျမ်း 54:14ခရစ်တော် မပေါ်မီ 712 ခန့်

    သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက် ရ။

  9. ဟေရှာယအနာဂတ္တိကျမ်း 54:15ခရစ်တော် မပေါ်မီ 712 ခန့်

    ငါ၏အခွင့်မရှိဘဲ သင့်တဘက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဘူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။

  10. ဟေရှာယအနာဂတ္တိကျမ်း 54:16ခရစ်တော် မပေါ်မီ 712 ခန့်

    မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း ငါဖန်ဆင်း၏။

  11. ဟေရှာယအနာဂတ္တိကျမ်း 54:17ခရစ်တော် မပေါ်မီ 712 ခန့်

    သင့်တဘက်၌ လုပ်သောလက်နက် တစုံတခုမျှ အထမမြောက်ရ။ သင့်ကိုတရား တွေ့သောသူ မည်သည် ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  12. ဟေရှာယအနာဂတ္တိကျမ်း 55:1ခရစ်တော် မပေါ်မီ 712 ခန့်

    အိုရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့ လာ ကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက် ကြလော့။ ငွေမပါဘဲ၊ အဘိုးကိုမပေးဘဲလာ၍ စပျစ်ရည် နှင့် နို့ကို ဝယ်ကြလော့။

  13. ဟေရှာယအနာဂတ္တိကျမ်း 55:2ခရစ်တော် မပေါ်မီ 712 ခန့်

    အစာမဟုတ်သောအရာအဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သောအရာအဘို့ သင်တို့ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။

  14. ဟေရှာယအနာဂတ္တိကျမ်း 55:3ခရစ်တော် မပေါ်မီ 712 ခန့်

    နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့ အား ပေးမည်။

  15. ဟေရှာယအနာဂတ္တိကျမ်း 55:4ခရစ်တော် မပေါ်မီ 712 ခန့်

    ကြည့်ရှုလော့။ ထိုသူကို ဥပဇ္ဈာယ်ဆရာဖြစ်စေ ခြင်းငှါ၎င်း၊ စီရင်အုပ်စိုးသော အရှင်ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုးတို့အား ငါပေးပြီ။

  16. ဟေရှာယအနာဂတ္တိကျမ်း 55:5ခရစ်တော် မပေါ်မီ 712 ခန့်

    ကြည့်ရှုလော့။ သင်သည် မသိဘူးသော လူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဘူးသော လူမျိုးတို့သည်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကြောင့်၊ သင့်ထံသို့ ပြေးလာကြလိမ့် မည်။ ထိုဘုရားသည် သင်၏ဘုန်းကို ပွင့်စေတော်မူ၏။

  17. ဟေရှာယအနာဂတ္တိကျမ်း 55:6ခရစ်တော် မပေါ်မီ 712 ခန့်

    တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။

  18. ဟေရှာယအနာဂတ္တိကျမ်း 55:7ခရစ်တော် မပေါ်မီ 712 ခန့်

    ဆိုးသော သူသည် မိမိလမ်းကို၎င်း၊ မတရား သောသူသည် မိမိအကြံတို့ကို၎င်း စွန့်ပစ်၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူ လိမ့်မည်။

  19. ဟေရှာယအနာဂတ္တိကျမ်း 55:8ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။

  20. ဟေရှာယအနာဂတ္တိကျမ်း 55:9ခရစ်တော် မပေါ်မီ 712 ခန့်

    မိုဃ်းကောင်းကင်သည် မြေကြီးထက်သာ၍ မြင့် သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း သာ၍ မြင့်၏။

  21. ဟေရှာယအနာဂတ္တိကျမ်း 55:10ခရစ်တော် မပေါ်မီ 712 ခန့်

    မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်းပေးမည်အကြောင်း၊ မြေကို စိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊

  22. ဟေရှာယအနာဂတ္တိကျမ်း 55:11ခရစ်တော် မပေါ်မီ 712 ခန့်

    ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံ စေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။

  23. ဟေရှာယအနာဂတ္တိကျမ်း 55:12ခရစ်တော် မပေါ်မီ 712 ခန့်

    သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက်၍၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေး ကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီး ကြလိမ့်မည်။

  24. ဟေရှာယအနာဂတ္တိကျမ်း 55:13ခရစ်တော် မပေါ်မီ 712 ခန့်

    အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။

  25. ဟေရှာယအနာဂတ္တိကျမ်း 56:1ခရစ်တော် မပေါ်မီ 712 ခန့်

    ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင် ခြင်း ကျေးဇူးရောက်ချိန်နှင့်၊ ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ။