circa AD 48–96
Letters to the Churches
Paul and other apostles write to strengthen, correct, and encourage the scattered churches across the Roman world.
ဤကာလမှ အခန်းငယ်များ
- ဧဖက်ဩဝါဒစာ 4:9ခရစ်နှစ် 64 ခန့်
တက်ကြွတော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။
- ဧဖက်ဩဝါဒစာ 4:10ခရစ်နှစ် 64 ခန့်
ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏အထွဋ်ကို လွန်၍ တက်ကြွတော်မူသော သူဖြစ်သတည်း။
- ဧဖက်ဩဝါဒစာ 4:11ခရစ်နှစ် 64 ခန့်
ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊
- ဧဖက်ဩဝါဒစာ 4:12ခရစ်နှစ် 64 ခန့်
သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။
- ဧဖက်ဩဝါဒစာ 4:13ခရစ်နှစ် 64 ခန့်
ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။
- ဧဖက်ဩဝါဒစာ 4:14ခရစ်နှစ် 64 ခန့်
အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်၊
- ဧဖက်ဩဝါဒစာ 4:15ခရစ်နှစ် 64 ခန့်
မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။
- ဧဖက်ဩဝါဒစာ 4:16ခရစ်နှစ် 64 ခန့်
ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက် ခြင်းငှါ ကြီးပွားစေတတ်၏။
- ဧဖက်ဩဝါဒစာ 4:17ခရစ်နှစ် 64 ခန့်
ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။
- ဧဖက်ဩဝါဒစာ 4:18ခရစ်နှစ် 64 ခန့်
ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။
- ဧဖက်ဩဝါဒစာ 4:19ခရစ်နှစ် 64 ခန့်
ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။
- ဧဖက်ဩဝါဒစာ 4:20ခရစ်နှစ် 64 ခန့်
ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊
- ဧဖက်ဩဝါဒစာ 4:21ခရစ်နှစ် 64 ခန့်
အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊
- ဧဖက်ဩဝါဒစာ 4:22ခရစ်နှစ် 64 ခန့်
စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊
- ဧဖက်ဩဝါဒစာ 4:23ခရစ်နှစ် 64 ခန့်
သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊
- ဧဖက်ဩဝါဒစာ 4:24ခရစ်နှစ် 64 ခန့်
ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
- ဧဖက်ဩဝါဒစာ 4:25ခရစ်နှစ် 64 ခန့်
ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။
- ဧဖက်ဩဝါဒစာ 4:26ခရစ်နှစ် 64 ခန့်
အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။
- ဧဖက်ဩဝါဒစာ 4:27ခရစ်နှစ် 64 ခန့်
အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
- ဧဖက်ဩဝါဒစာ 4:28ခရစ်နှစ် 64 ခန့်
ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။
- ဧဖက်ဩဝါဒစာ 4:29ခရစ်နှစ် 64 ခန့်
ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။
- ဧဖက်ဩဝါဒစာ 4:30ခရစ်နှစ် 64 ခန့်
ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။
- ဧဖက်ဩဝါဒစာ 4:31ခရစ်နှစ် 64 ခန့်
ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။
- ဧဖက်ဩဝါဒစာ 4:32ခရစ်နှစ် 64 ခန့်
အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
- ဧဖက်ဩဝါဒစာ 5:1ခရစ်နှစ် 64 ခန့်
ထိုသို့သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူကျင့်ကြလော့။