အကြောင်းအရာသို့ ကျော်သွားရန်

Shiloh

30 verses

32.0500, 35.2800 Google Maps တွင် ကြည့်ရန်

Shiloh ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံးနှိမ့်ချလျက်ရှိ ၏။

  2. ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုက လည်း၊ တပြည်လုံးသို့ ရှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသား ခြင်းငှါ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊

  3. သူတို့သည် တပြည်လုံးသို့ ရှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။

  4. ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့ တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသား အသီးသီး တို့အား မြေကိုပိုင်းခြားလေ၏။

  5. ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။

  6. အကျွန်ုပ်တို့ နေစရာဘို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန် များတို့မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှါ ထာဝရဘုရား သည် မောရှေအားဖြင့် မှာထားတော်မူပြီဟု ခါနာန်ပြည်၊ ရှိလောမြို့၌ ပြောဆိုကြလျှင်၊

  7. ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူ သည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွား ခြင်းငှါ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလော မြို့မှ ထွက်သွားကြ၏။

  8. ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌ စည်းဝေးကြ၏။

  9. ဘုရားသခင်၏ အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ၏။

  10. စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။

  11. ဗေသလမြို့ မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင် ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့် အညီ၊-

  12. စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။

  13. ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှါ၊ မိမိနေရာ မြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။

  14. ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော် တိုင်နားမှာ ထိုင်စဉ်၊-

  15. နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန့်ညက် တဧဖာ၊ စပျစ်ရည်တဘူးနှင့်တကွ သူငယ်ကို ဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။

  16. အိုးအစရှိသည်တို့၌ ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှီလောမြို့သို့ ရောက်လာသော ဣသရေလလူအပေါင်းတို့အား ထိုသို့ပြုကြ၏။

  17. ထာဝရဘုရားသည် ရှိလောမြို့၌ အထပ်ထပ် ထင်ရှားတော်မူ၍၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် ရှမွေလအား ဗျာဒိတ်ပေးတော်မူ၏။ ရှမွေလ စကားသည်လည်း၊ ဣသရေလအမျိုးတရှောက် လုံးကို နှံ့ပြားလေ၏။

  18. လူများတို့သည် တပ်ထဲသို့ ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရ ဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့် ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ၊ ရှိလောမြို့မှ ဆောင်ခဲ့ ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊

  19. လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။

  20. ဗင်္ယာမိန် အမျိုးသားတယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကို ဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ခြင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။

  21. သင်တိုင်းဝတ်၍ ရှိလောမြို့၌ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်ဖြစ်သောသူ ဧလိနှင့် ဖိနဟတ်တို့ မှ ဆင်းသက်သော ဣခဗုဒ်၏အစ်ကို အဟိတုပ်၏သား အဟိယလည်း ရှိ၏။ ယောနသန်သွားကြောင်း ကို လူများ မသိကြ။

  22. ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ၏။

  23. ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့၌ရှိ၏။

  24. ယေရောဗောင်မယားသည် ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။

  25. ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသော အရပ်ကိုစွန့်တော်မူ၏။