အကြောင်းအရာသို့ ကျော်သွားရန်

Jerusalem

753 verses · 2 known names

အခြားအမည်: Jerusalem's

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Jerusalem ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုနောက်မှယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။

  2. ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။

  3. ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။

  4. ဆောင်းကာလဖြစ်၍ အင်္ကနိပွဲကို ယေရုရှလင်မြို့၌ခံကြသောအခါ၊

  5. ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာကွာဝေးသည်ဖြစ်၍၊

  6. ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည်မိမိတို့ကိုသန့်ရှင်းစေခြင်းငှါ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင် မြို့သို့ လာကြ၏။

  7. နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊

  8. ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ ဂတိ ကိုငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။

  9. ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

  10. ထိုအခါ ယေရုရှလင်မြို့နှင့်ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင် မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။

  11. ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထို မြေကို အကေလဒဟုခေါ်တွင်ကြ၏။ အနက်ကားသွေးမြေဟု ဆိုလိုသတည်း။

  12. ထိုကာလအခါ၊ ကောင်းကင်အောက်တွင်ရှိလေသမျှသောလူမျိုးထဲကဘုရားကိုရိုသေသော ယုဒလူတို့ သည် ယေရုရှလင်မြို့၌ တည်းနေကြသတည်း။

  13. ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ပေတရုသည်ထလျက်၊ ထိုသူတို့ကို ကျယ်သော အသံနှင့်ဟောပြောသည်ကား၊ ယေရုရှလင်မြို့သားတို့နှင့်ယုဒလူအပေါင်းတို့၊ သင်တို့သည် ဤအရာကို သိမှတ်၍ ငါ့စကားကိုစေ့စေ့နာခံကြလော့။

  14. သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသော သူအပေါင်း တို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။

  15. ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသော သူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှ လင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်း လွတ်ခြင်းသို့ရောက်ကြ၏။

  16. ထိုနာမကို အမှီပြု၍မဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင် မှာထားသည်မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင် မြို့ကို သင်တို့အယူဝါဒနှင့် ပြည့် စသည်ဖြစ်၍၊ ငါတို့ အပေါ်သို့ ထိုသူ၏အသွေးကိုရောက်စေခြင်းငှါ သင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်းပြောဆိုကြ၏။

  17. ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသ ဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွါး များ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။

  18. ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။

  19. ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။

  20. တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟောပြီးမှ၊ ယေရုရှလင်မြို့ သို့ ပြန်သွားရာ၊ ရှာမာရိရွာများတို့၌လည်း ဧဝံဂေလိ တရားကို ဟောပြောကြ၏။

  21. တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။

  22. ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊

  23. ထိုဘာသာဝင်သော ယောက်ျားမိန်းမ တို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသတ်မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊

  24. အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။

  25. ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤ သူကား၊ ထိုသခင်ကို ပဌနာပြုသောသူတို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ် သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။