အကြောင်းအရာသို့ ကျော်သွားရန်

Jerusalem

753 verses · 2 known names

အခြားအမည်: Jerusalem's

31.7700, 35.2300 Google Maps တွင် ကြည့်ရန်

Jerusalem ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သခင်ဘုရားက၊ သင်သည်ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်သွားလော့။ ငါ၏ အကြောင်းကို သင်သည်ပြော၍ သက်သေခံသော စကား ကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော် မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏။

  2. နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။

  3. အကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့ သို့ တက်သွား၍၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော်သိနိုင်တော်မူ၏။

  4. ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိ သောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။

  5. ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။

  6. ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှ လာသော ယုဒလူတို့သည်ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။

  7. သို့သော်လည်း၊ ဖေတ္တုမင်းက၊ သင်သည် ယေရုရှလင်မြို့သို့သွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ယုဒလူတို့ကို ကျေးဇူးပြုလိုသော စိတ်ရှိလျက် ပေါလုအားမေး၏။

  8. ယေရုရှလင်မြို့၌ အကျွန်ုပ်ရှိသောအခါ၊ ယဇ် ပုရောဟိတ်အကြီးတို့နှင့် ယုဒအမျိုးအကြီးအကဲတို့သည်၊ ထိုသူ၏အကြောင်းကို ကြားလျှောက်၍ အပြစ်အလျောက် စီရင်ပါဟု တောင်းပန်ကြလျှင်၊

  9. ထိုပုစ္ဆာအမေးကို ကျွန်ုပ်သည် မကျွမ်းသော ကြောင့်၊ ပေါလုအားလည်း၊ သင်သည်ယေရုရှလင်မြို့သို့ သွား၍ ဤအမှုစီရင်ခြင်းကို ခံမည်လောဟုမေးလျှင်၊

  10. ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌၎င်း၊ ဤမြို့၌၎င်း ယုဒလူများအပေါင်း တို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အား လျှောက်၍၊ သူသည်ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။

  11. ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏ အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်အရွယ်မှ စ၍၊ အကျွန်ုပ်၏အနေ အတိုင်းအပြုအမူများကို ယုဒလူ အပေါင်းတို့သည်သိကြပါ၏။

  12. ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူ အများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။

  13. လူတို့သည် နောင်တရရမည်။ နောင်တရခြင်း နှင့်ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသောသူတို့အား၎င်း၊ တပါးအမျိုးသား၊ တို့အား၎င်း၊ ဟောပြောပါ၏။

  14. သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည်ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရှုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့ လက်သို့ အပ်လိုက်ကြ၏။

  15. ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။

  16. ယခုအခါသန့်ရှင်းသူတို့ကိုလုပ်ကျွေး၍၊ ယေရုရှလင်မြို့သို့ ငါသွားရမည်။

  17. အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။

  18. ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ၊ ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။

  19. ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသော သူတို့ကို ငါသည် လက်မှတ်စာပေး၍၊ သင်တို့လှူသော အလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။

  20. ငါ့အရင်တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ယေရုရှလင်မြို့ သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်း သွား၍ တဖန်ဒမာသက်မြို့သို့ ပြန်လေ၏။

  21. ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ်ငါးရက်နေ၏။

  22. ထိုနောက်တဆယ်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ယေရုရှင်မြို့သို့ တဖန် သွားလေ၏။

  23. အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။

  24. အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မမဟုတ် သော မိန်းမဖြစ်သတည်း။

  25. သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊