အကြောင်းအရာသို့ ကျော်သွားရန်

Egypt

561 verses · 4 known names

အခြားအမည်: Egyptian, Egyptians, Egyptian's

30.1000, 31.3300 Google Maps တွင် ကြည့်ရန်

Egypt ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူဖြစ်သော လူမျိုးတို့ကို ကိုက် ဝါး၍၊ အရိုးတို့ကို ချိုးဖဲ့လိမ့်မည်။ မြှားဖြင့် ထုတ်ချင်း ခပ်အောင် ခွင်းလိမ့်မည်။

  2. အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ၏။

  3. အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။

  4. ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။

  5. မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို၊

  6. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဉ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။

  7. ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ ဖျက်ဆီးချင် သောကြောင့်၊ အာမောရိလူတို့ လက်၌ အပ်လိုသောငှါ၊ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်တကား။

  8. သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ ဘုရား သခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌၎င်း၊

  9. သင်တို့သည် ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။

  10. သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။

  11. သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့ အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။

  12. သူတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံ အတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသော ချိုင့်တွင်၊ မောရှေဟောပြောသော သက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။

  13. မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊

  14. မိန့်မြွက်တော်မူသော စကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

  15. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင် တော်မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုပ်နေ့ကို စောင့်ရမည်ဟု သင်၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၏။

  16. ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင့်ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည် အကြောင်း၊ ကိုယ်ကို ကိုယ်သတိပြုလော့။

  17. သင်က၊ ငါတို့သည် အဲဂုတ္တုပြည်၌ ဖါရောဘုရင် ၏ ကျွန်ဖြစ်၍ နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီး သောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူ၏။

  18. ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန် သော နိမိတ်လက္ခဏာ အံ့ဘွယ်သရဲတို့ကို အဲဂုတ္တုပြည် အပေါ်မှာ၎င်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာ၎င်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊

  19. ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့် ၎င်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိတ်ကို မဖျက်လိုသောကြောင့်၎င်း၊ ကျွန်ခံနေရာ အဲ ဂုတ္တုပြည်ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီး သော လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော် မူပြီ။

  20. ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှ တို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ မပေါင်းတို့၌ စွဲစေတော်မူမည်။

  21. သူတို့ကို မကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖါရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး၌ ပြုတော်မူသော အမှုကို၎င်း၊

  22. သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့တော်မူထသော၊

  23. သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။

  24. သင်သည် ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကို သွန်းကြပြီဟု မိန့်တော်မူ၏။

  25. ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ ကို ဖျက်ဆီးတော်မမူပါနှင့်။