အကြောင်းအရာသို့ ကျော်သွားရန်

God

11,427 အခန်းငယ် · 2 မိသားစုဝင်

God ကို ဖော်ပြသော အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။

  2. သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ၏။

  3. ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက် သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။

  4. ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက် သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်၍ မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  5. တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်ကား၊ သစ္စာပျက်သော ယုဒသည် ဖောက်ပြန်သော ဣသရေလထက် အပြစ်ကြီး၏။

  6. သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။

  7. သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှား ယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။

  8. အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့များထဲက တမြို့လျှင် လူ တယောက်၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။

  9. ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ ၌ ခန့်ထား၍၊ သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။

  10. ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွါး များပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍ နောက်တဖန် မပြောမဆိုရ။ ထိုသေတ္တာတော် ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။

  11. ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ပလ္လင်ဟူ၍ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် လည်း၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ထိုပလ္လင် သို့ စည်းဝေးကြလိမ့်မည်။ နောက်တဖန် မိမိတို့၌ ဆိုး သောစိတ်နှလုံးခိုင်မာခြင်းသဘောသို့ လိုက်၍ မကျင့် ရကြ။

  12. ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုး နှင့် ပေါင်းဘော်လျက်၊ မြောက်မျက်နှာအရပ်က တစု တည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဘို့၊ ငါပေးဘူး သော ပြည်သို့ ရောက်ကြလိမ့်မည်။

  13. ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထားရ အံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေခံရာ ပြည်ကိုသင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။

  14. အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။

  15. ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရား သခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။

  16. အိုဖောက်ပြန်သော သူငယ်၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြ ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။

  17. အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာ အကြောင်း ဖြစ်တော်မူ၏။

  18. အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်း မူကား၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ၏။

  19. အို ဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ။ သင်၏ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။

  20. သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည် လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  21. ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏ လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။

  22. အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါအမျက်သည်မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည်။

  23. ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲရှောင်၍ မသွားသေး။

  24. ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက် ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေ လျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။

  25. ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သန်လျက် သည် အသက် ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော် သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို၏။