God
God ကို ဖော်ပြသော အခန်းငယ်များ
အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့်လွှဲစေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကိုအဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ ကျွန်ုပ်တို့အတွက်၊ အမွေတော်ဖြစ်သောအနွှယ်တို့အတွက် ပြန်လာတော်မူပါ။
ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ခဏသာအစိုးရပြီးမှ၊ ရန်သူတို့သည် သန့်ရှင်းရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊
အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့၎င်းဖြစ်ကြပါ၏။ ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပေတည်း။
ကိုယ်တော်သည် မိုဃ်းကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။
မီးသည်အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ၍၊ ရှေ့တော်၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။
အကျွန်ုပ်တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။
ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။
ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ် သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါ မည်လော။
နာမတော်ကို ပဌနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။
သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
အိုထာဝရဘုရား၊ ပြင်းစွာ အမျက်ထွက်တော် မမူပါနှင့်။ ပြစ်မှားမိသော အပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်၏ လူဖြစ်ကြပါ၏။
အိုထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူ မည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန် ဆင်းရဲစေတော်မူမည်လော။
ငါ့ကိုမမေးမလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရ ကြပြီ။ ငါ့ကိုကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ။
မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ။
ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။
သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည်သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သော သူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့၎င်း၊ အစဉ်လောင်သောမီးကဲ့သို့ ၎င်း ဖြစ်ကြ၏။
ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။
သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်။ အကုန်အစင်မဖျက်။
ယာကုပ်အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။
ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။
သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူ ဖြစ်ကြ၏။
သင်တို့ကို ငါရေတွက်၍၊ ထား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြ လိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။
ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့ မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက် ကြောက်ကြလိမ့်မည်။
ငါ၏ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။