Skip to content
နေဟမိမှတ်စာ 11:20-36

နေဟမိမှတ်စာ 11:20-36

20
ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရော ဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌နေကြ၏။
21
ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။
22
မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။
23
အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။
24
ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
25
ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်း ဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ် ဇေလမြို့ရွာ၊
26
ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊
27
ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊
28
ဇိကလတ်၊ မေကောနမြို့ရွာများ၊
29
အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊
30
ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘ မြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။
31
ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာဣ၊ ဗေသလမြို့ရွာတို့၌၎င်း၊
32
အာနသုတ်၊ နောဗ၊ အာနနိ၊
33
ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊
34
ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊
35
လေဒ၊ ဩနောမြို့များ၌၎င်း၊ ဆရာသမားချိုင့်၌၎င်း နေကြ၏။
36
လေဝိသား အသင်းအပေါင်းအချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌နေကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options