Skip to content
တရားသူကြီးမှတ်စာ 20:6-30

တရားသူကြီးမှတ်စာ 20:6-30

6
အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ် သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။-
7
သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ၏။ ဤအရပ်၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ၏။-
8
လူအပေါင်းတို့သည် တယောက်သောသူကဲ့သို့ ထ၍ ငါတို့သည် တယောက်မျှ မိမိတဲသို့မသွား၊ မိမိ အိမ်သို့မပြန်။-
9
ဂိဗာမြို့၌ အဘယ်သို့ ပြုမည်နည်း ဟူမူကား၊ စာရေးတံချ၍ အတိုက်သွားမည်။
10
ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊
11
ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက်၌ စည်းဝေး၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
12
ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
13
ယခုမှာ ဂီဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊
14
ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ အမြို့မြို့အရွာရွာက ထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။-
15
ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
16
ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ်ရာပါသတည်း။
17
ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း။
18
ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက် ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
19
နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊
20
ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ၏။
21
ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလ လူတသောင်း နှစ်ထောင်တို့ကို မြေပေါ်မှာ လှဲ၍ သတ်ကြ၏။
22
သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသော အရပ်၌ တဖန်ခင်းကျင်းကြ၏။
23
ထာဝရဘုရားထံတော်သို့ သွား၍ ညဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
24
ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
25
ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူတသောင်းရှစ်ထောင်တို့ကို မြေပေါ်၌ လှဲ၍ သတ်ကြ၏။
26
ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား၍ ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကို ရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။
27
ထိုကာလ၌ ဘုရားသခင်၏ ပဋိညာဉ် သေတ္တာတော်ပါလျက်၊ အာရုန်၏သားဖြစ်သော ဧလာဇာ၏ သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ်၍၊-
28
ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရ ဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
29
ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည်၌ ကင်းစောင့်လူတို့ကို ထားပြီးမှ၊
30
တတိယနေ့တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီသွား၍၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား၌ စစ်ခင်းကျင်း လျက် နေကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options