Zobah အကြောင်း ကျမ်းစာအခန်းငယ်များ: Conquest of, by David
Conquest of, by David အကြောင်း အခန်းငယ်များ
ဇောဘမင်းကြီးရဟောဘ၏ သားဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကိုသိမ်းယူခြင်းငှါ သွားသော အခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊
ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာတို့ကိုသိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိုသမျှတို့ကို ဖျက်ဆီးလေ၏။
ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
ရှုရိပြည် ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရား စောင့်မ တော်မူ၏။
ဟာဒဒေဇာ၏ ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင် သွား၏။
ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။
ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ ဘဏ္ဍာကို လုယူ၍ ရသောရွှေငွေကို၎င်း၊ ထာဝရဘုရား အား ပူဇော်၏။
ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊
လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ၏။
မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုး သားတို့သည် ဒါဝိဒ်၌ ကျွန်ခံလျက်အခွန်ဆက်ရကြ၏။
ဇောဘမင်းကြီးဟာ ဒဒေဇာသည်၊ ဥဖရတ်မြစ် နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှါ သွားသောအခါ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက်၍၊
ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။
ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရ ကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
ဟာဒဒေဇာ၏ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။
ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသော ကြေးဝါကို သိမ်းသွား ၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။
ဇောဘမင်းကြီးဟာဒဒေဇာ၏ တပ်အလုံး အရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကိုဟာမတ်မင်းကြီး တောဣသည်ကြားလျှင်၊