အကြောင်းအရာသို့ ကျော်သွားရန်

The Rich အကြောင်း ကျမ်းစာအခန်းငယ်များ

145 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။

  2. ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။

  3. သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။

  4. ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။

  5. ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။

  6. ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။

  7. အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။

  8. နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။

  9. ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။

  10. ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။

  11. နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။

  12. အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။

  13. တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။

  14. အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။

  15. ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ၍၊

  16. မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။

  17. ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။

  18. ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။

  19. ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။

  20. ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဉာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။

  21. စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။

  22. ထိုစည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်၏။ စည်းစိမ်ရှင်မြင်သော သားသည် လည်း လက်ချည်းနေရ၏။

  23. ဘုရားသခင် ပေးသနားတော်မူသော စည်းစိမ် ဥစ္စာကိုရသော လူတိုင်းမိမိအဘို့ကိုခံ၍ ဝင်စားခြင်းငှါ ၎င်း၊ ကြိုးစားအားထုတ်၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရား သခင့်ကျေးဇူးတော်ကြောင့် အခွင့်ရှိ၏။

  24. လွန်သောနေ့ရက်ကာလကို များစွာမအောက် မေ့ရ။ စိတ်နှလုံးရွှင်လန်းသောအခွင့်ကို ဘုရားသခင် ပေးသနားတော်မူ၏။

  25. ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။