အကြောင်းအရာသို့ ကျော်သွားရန်

The Rich အကြောင်း ကျမ်းစာအခန်းငယ်များ

145 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။

  2. ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။

  3. ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက် ကြ၏။

  4. ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသော သူတို့ထက်သာ၍ ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိသောသူငယ်၏အမှုကို စောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသော သူဘက်၌ တရားသဖြင့် မစီရင်ကြ။

  5. ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါစိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။

  6. ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိ သောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီး သောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာ ရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။

  7. ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။

  8. မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည် အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။

  9. ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖေါက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား။

  10. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင်၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မ ဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။

  11. သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစား ခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။

  12. သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘ လွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။

  13. ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။

  14. ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။

  15. သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကိုညစ်ညူးသော အရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက် တော်မူသော ကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှါ မတတ်နိုင်။ သူတို့အလိုဆန္ဒကို မဖြေ နိုင်။ ဝစွာမကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။

  16. ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။

  17. ဇိအုန်မြို့၌ ငြိမ်ဝပ်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်းနှင့် ကင်းလွတ်လျက်နေသောသူ၊ လူမျိုးတို့တွင် အထွဋ်အမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ၏။

  18. ကာလနေမြို့သို့သွား၍ ကြည့်ရှုကြလော့။ ထိုမြို့မှဟာမတ်ကြီးမြို့သို့၎င်း၊ ဖိလိတ္တိလူတို့နေသော ဂါသမြို့ သို့၎င်း သွားကြလော့။ ထိုနိုင်ငံတို့သည် ဤနိုင်ငံတို့ထက်သာ၍ ကောင်းသလော။ သူတို့နယ်အပိုင်းအခြားသည် သင်တို့နယ်အပိုင်းအခြားထက်သာ၍ ကျယ်သလော။

  19. ဆိုးယုတ်သော နေ့ရက်ကို ရွှေ့၍၊ မတရားသဖြင့် စီရင်ရာပလ္လင်ကို အနီးမှာတည်စေခြင်း၊

  20. ဆင်စွယ်ခုတင်ပေါ်မှာ အိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကို၎င်း၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍စားခြင်း၊

  21. တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာတုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊

  22. စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော၊

  23. မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသာဖြစ်၏။

  24. ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

  25. ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ ၏။