Skip to content

The Palm Tree အကြောင်း ကျမ်းစာအခန်းငယ်များ

19 အခန်းငယ် · 18 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ၏။

  2. ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။

  3. တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။

  4. မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။

  5. သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ၏။

  6. အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက်၌ ထုသော ခေရုဗိမ်အရုပ်နှင့်အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ၏။

  7. သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ်အရုပ်၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ်၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ၏။

  8. တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့် မွမ်းမံလေ၏။

  9. အိမ်တော်အတွင်းအမိုးကို ထင်းရူးပျဉ်ပြားဖြင့် ပြီးစေလျက် စွန်ပလွံပင်များနှင့် ကြိုးများတို့ကို ထု၍ ရွှေစင်နှင့်မွမ်းမံလေ၏။

  10. ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့ သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိ သော မြေအသီးအနှံ ကို၎င်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဘို့တဘို့ကို၎င်း၊ များစွာဆောင်ခဲ့ကြ၏။

  11. ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။

  12. ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။

  13. အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။

  14. သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။

  15. စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူသောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊

  16. သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကား မပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သော ကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြ နှင့်။ အန္တရာယ်ကိုမပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။

  17. စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက်၏။ သလဲပင်။ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်း ကြ၏။ အကယ်စင်စစ်လူသားတို့၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက်၏။

  18. စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်းဟု ကြွေးကြော်ကြ၏။

  19. ထို့နောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။