အကြောင်းအရာသို့ ကျော်သွားရန်

The Jews အကြောင်း ကျမ်းစာအခန်းငယ်များ: Often distinguished in war

20 အခန်းငယ် · 158 ရှုထောင့်

Often distinguished in war အကြောင်း အခန်းငယ်များ

  1. ထိုသို့ ဂိဒေါင်နှင့် သူ၌ပါသော လူတရာတို့သည် သန်းခေါင်ယံ၌ ကင်းလဲစက တပ်ပြင်သို့ ရောက်သဖြင့် တံပိုးမှုတ်ကြ၏။ မိမိကိုင်သော အိုးတို့ကိုလည်း ခွဲကြ၏။

  2. လူသုံးစုတို့သည် တံပိုးမှုတ်၍ အိုးတို့ကို ခွဲသဖြင့် လက်ဝဲလက်၌ မီးခွက်တို့ကို၎င်း၊ လက်ျာလက်၌ မှုတ်စရာတံပိုးတို့ကို၎င်း ကိုင်လျက်၊ ထာဝရဘုရားနှင့် ဂိဒေါင်၏ထားဟု ဟစ်ကြ၏။

  3. သူတို့သည် တပ်ပတ်ဝန်းကျင်၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ၍၊ တပ်သားအပေါင်းတို့သည် ပြေးလျက်၊ အော်လျက် ထွက်ပြေးကြ၏။

  4. လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ၊ ထာဝရဘုရား၏ တန်ခိုးတော်ကြောင့်၊ တပ်သားအပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့၎င်း၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလမြို့နယ်သို့၎င်း ပြေးကြ၏။

  5. ဣသရေလလူတို့သည် နဿလိခရိုင်၊ အာရှာခရိုင်၊ မနာရှေခရိုင် အရပ်ရပ်ထဲက စုလာ၍၊ မိဒျန်လူ တို့ကို လိုက်ကြ၏။

  6. ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊

  7. လုလင်က၊ စိတ်တော်ရှိသည်အတိုင်း ပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက် ပါမည်ဟု ပြန်ပြောသော်၊ -

  8. ယောနသန်က၊ ထိုလူတို့ဆီသို့ သွား၍ ကိုယ်ကို ပြကြကုန်အံ့။

  9. သူတို့ကနေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲ နေကြမည်။

  10. သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော် မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊

  11. နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသော အခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့ သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကား ဟုဆိုလျက်၊

  12. တပ်သားတို့က၊ လာကြ။ တစုံတခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူပြီဟု လုအင်အား ဆိုသဖြင့်၊

  13. လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့် နောက်မှာ လုပ်ကြံလေ၏။

  14. နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။

  15. မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။

  16. တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။

  17. ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။

  18. သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။

  19. ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက် သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။

  20. ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။