The Jews အကြောင်း ကျမ်းစာအခန်းငယ်များ: Restored to their own land by Cyrus
Restored to their own land by Cyrus အကြောင်း အခန်းငယ်များ
ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့် တော်ကို ပြည့်စုံ စေခြင်းငှါ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပဌမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသော အားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီး လျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊
ပေရသိရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည် ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရ ဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အားပေးတော်မူသည်ဖြစ်၍၊ ယုဒပြည်ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထား တော်မူပြီ။
သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
ဘုရားသခင်၏လူ တည်းခိုရာ အရပ်ရပ်၌ နေသောသူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဘို့ အလိုလိုလှူသော အလှူမှတပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။