Skip to content

Spear အကြောင်း ကျမ်းစာအခန်းငယ်များ

41 အခန်းငယ် · 26 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူ့ကိုတိုက်လျှင်ထားမခိုင်တတ်။ လှံ၊ မြှား၊ သံချပ်မခိုင်တတ်။

  2. ဒုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။

  3. ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ၏။ သတို့လျှာသည်လည်း ထက်သောသန်လျှက် ဖြစ်၏။

  4. ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။ စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။

  5. ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။

  6. မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကိုပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။

  7. လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။

  8. သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။

  9. ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။

  10. မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။

  11. နေနှင့်လသည် မိမိတို့နေရာ၌ရပ်၍ နေပါ၏။ သူတို့ အလင်း၌ မြှားတော်တို့သည် သွား၍၊ သူတို့ရောင် ခြည်၌ လှံတော်သည်လည်း လျှပ်စစ်ပြက်ပါ၏။

  12. ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့ သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိ တို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြ လိမ့်မည်။ သားဦးအတွက် အဘသည် နာကြဉ်းရကြလိမ့် မည်။

  13. စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည်ချက်ခြင်းထွက်လာ၏။

  14. ထိုအခါ သောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့ နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။

  15. တပ်မှူးနှစ်ယောက်တို့ကိုခေါ်၍၊ ယနေ့ညဉ့် သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့သွားစေခြင်းငှါ စစ်သူရဲ နှစ်ရာ၊ မြင်းစီးသူရဲခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။

  16. ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။