Sodomites အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း၍၊
လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။
လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊
ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။
အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်မပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊
သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုးခြင်းငှာ သာရော်ကလာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ၏။
ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်း ပြီးလျှင် တံခါးကို ပိတ်ကြ၏။
အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါး ကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာ သင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင် လော့။
ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ၏။
လောတထွက်၍ သမီးနှင့်စုံဘက်သောသူ၊ မိမိ သမက်တို့အား ထကြ၊ ဤအရပ်မှ ထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီးစားဟန်သည်ဟု သမက်တို့ ထင်ကြ၏။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။
ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။
ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊
ယုဒထံသို့ ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ၏။
ဣသရေလအမျိုးသမီးတို့တွင် ပြည်တန်ဆာ မရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။
ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား။
ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို၎င်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။
ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။
မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။
အသက်ငယ်စဉ်ကပင်သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။
သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ်၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တက်ကြ၏။ သို့ဖြစ်၍ ပညာမရှိသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
။ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက်သာ၍ခံရလတံ့ဟု မိန့်တော်မူ၏။
ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရလတံ့။