အကြောင်းအရာသို့ ကျော်သွားရန်

Sacrifices အကြောင်း ကျမ်းစာအခန်းငယ်များ

248 အခန်းငယ် · 55 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊

  2. နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။

  3. နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။

  4. ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။

  5. တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။

  6. နံနက်ယံ၌ သိုးသငယ်တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။

  7. နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။

  8. နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။

  9. လဆန်းတရက်နေ့၌၊ အသက်ပျိုသော နွားထီး နှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

  10. ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိ သော ယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှစ၍၊ သိုးနွား တွင် အဦးဘွားသော သားငယ်တို့ကို ဆောင်ခဲ့ရကြမည်။

  11. ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။

  12. အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာ ပါသော သိုး၊ နွားကို၊ သင်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်မပူဇော်ရ။ ထိုသို့သော ယဇ်ကို သင်၏ဘုရား သခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။

  13. လူတို့သည် ယဇ်ပူဇော်သောအခါ၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံးတဘက်၊ ပါးနှစ်ဘက်၊ အအူများကို၎င်း၊

  14. ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသော ဘုရား၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့ အား ယဇ်ပူဇော်ကြ၏။

  15. လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။

  16. ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။

  17. ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှါ၊ မိမိနေရာ မြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။

  18. ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသော ယဇ်ကို၎င်း၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအား ပူဇော်ခြင်းငှါ တက်သွားသောအခါ၊-

  19. ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို၊ သင့်အဘ၏ အမျိုးအား ငါပေးသည်မဟုတ်လော။-

  20. ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣ သရေလအမျိုးသား တင်လှူသော ပူဇော်သက္ကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသော အရာကို ဝစွာစား စေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။

  21. ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။

  22. သင်၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟု လျှောက်ပါ။

  23. ထိုအခါ ထာဝရဘုရား၏မီးသည် ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊ မြေမှုန့်ကို လောင်၍ကျုံး၌ရှိသော ရေကိုလည်း ခန်းခြောက်စေ၏။

  24. နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင်၍မြေအနည်းငယ်ကို ယူပါရ စေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ။

  25. သင်တို့ကို ကြီးသောတန်ခိုး၊ ဆန့်သောလက်ရုံး တော်အားဖြင့် အဲဂုတ္တုပြည်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ်၍ ယဇ်ပူဇော်ရမည်။