Sacrifices အကြောင်း ကျမ်းစာအခန်းငယ်များ: Under the Mosaic age
Under the Mosaic age အကြောင်း အခန်းငယ်များ
တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန် ကိုမပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။
တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်းသာပူဇော်၍၊ နောက်တဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော။
ယခုမူကား ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ၏။