အကြောင်းအရာသို့ ကျော်သွားရန်

Sacrifices အကြောင်း ကျမ်းစာအခန်းငယ်များ: The covenants of God confirmed by

16 အခန်းငယ် · 55 ရှုထောင့်

The covenants of God confirmed by အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသော နွားမတကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊

  2. ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို အဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။

  3. ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည် နှင်လေ၏။

  4. နေဝင်သောအခါ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့် ခြင်းသို့ ရောက်လေ၏။

  5. ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။

  6. သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။

  7. သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည်။

  8. လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိ အမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။

  9. တဖန် နေဝင်၍ မိုက်သောအခါ၊ ခွဲထားသော အသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်း သော မီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏။

  10. ဣသရေလအမျိုးသား လူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့မှာ မီးရှို့သောယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ကြ၏။

  11. မောရှေသည်လည်း၊ အသွေးတဝက်ကို အင်တုံ၌ထည့်၍၊ တဝက်ကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းလေ၏။

  12. ပဋိညာဉ်စာကိုလည်း ယူ၍၊ ပရိသတ်များရှေ့မှာ ဘတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရားမိန့်တော် မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်ဟု ပြောဆိုကြ၏။

  13. မောရှေသည်လည်း၊ အသွေးကို ယူ၍ လူများအပေါ်မှာ ဖြန်းလျက်၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင်တို့၌ ထာဝရဘုရားဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။

  14. ယဇ်ပူဇော်သောအားဖြင့်၊ ငါနှင့်ပဋိညာဉ် ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ၏။

  15. တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူအပေါင်းတို့ကို၎င်း ဖြန်းလျက်၊

  16. ဤအသွေးကား၊ သင်၌ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။