အကြောင်းအရာသို့ ကျော်သွားရန်

Sacrifices အကြောင်း ကျမ်းစာအခန်းငယ်များ

248 အခန်းငယ် · 55 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက်ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာယဇ်တစုံတခု ရှိရ၏။

  2. ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊

  3. အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမ ကလေး၏ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊

  4. တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူအပေါင်းတို့ကို၎င်း ဖြန်းလျက်၊

  5. ဤအသွေးကား၊ သင်၌ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည်ဟု ပြောဆို၏။

  6. ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ ။

  7. တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန် ကိုမပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။

  8. တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်းသာပူဇော်၍၊ နောက်တဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော။

  9. ယခုမူကား ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ၏။

  10. အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။

  11. ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိ သည်ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။

  12. မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော် မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊

  13. အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။

  14. ပညတ်တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာ ယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော် မမူဟု အထက်ကဆိုနှင့်ပြီးမှ၊

  15. တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ်၏။

  16. ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။

  17. ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။

  18. ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ အစဉ်အမြဲထိုင်၍၊

  19. အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။

  20. အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။

  21. သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း စောင့်လေ၏။

  22. ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။

  23. ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။