Skip to content

Righteousness အကြောင်း ကျမ်းစာအခန်းငယ်များ

480 အခန်းငယ် · 132 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကို ပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊

  2. သူတပါး၏အသရေကို ပျက်စေခြင်းငှါ ပြောဆို ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထ သော၊

  3. ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ် လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊

  4. ကိုယ်ငွေကို ချေး၍ အတိုးမယူ၊ အပြစ်မရှိသော သူ၏တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း။

  5. ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ၏။

  6. အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်။ နိုးသောအခါ ပုံသဏ္ဍာန်တော် အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။

  7. ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဘို့ အလိုငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။

  8. ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူ သည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ် သူသည် ရပ်နေရမည်နည်းဟူမူကား၊

  9. သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသော သူ၊ မုသာကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊

  10. ထာဝရဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်းတရားကို၎င်း ခံရလိမ့်မည်။

  11. ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။

  12. မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတဘက်၌ စော်ကားသော စကားကိုပြော၍၊ မုသာ၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ။

  13. ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နား ထောင်တော်မူ၏။

  14. ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။

  15. ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်း သောဒုက္ခဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။

  16. မတရားသောသူမူကား၊ ဘေးဖြင့်အသက်ဆုံး ခြင်းသို့ ရောက်ရမည်။ ဖြောင့်မတ်သောသူကို မုန်းသော သူတို့သည် အပြစ်စီရင်ခြင်းကို ခံရကြမည်။

  17. သူပြောသောစကားသည် အဓမ္မစကား၊ လှည့် စားသောစကားဖြစ်၏။ ကောင်းသောအကျင့်ကို ကျင့်စေ တတ်သောပညာကို စွန့်လေပြီ။

  18. ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရ သည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍ စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည် ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။

  19. မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။

  20. ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ် မှာ အကျွန်ုပ် ဟောပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍ မနေကြောင်းကို ကိုယ်တော်သိတော် မူ၏။

  21. အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သော နိုင်ငံဖြစ်ပါ၏။

  22. ကိုယ်တော်သည်ဖြောင့်မတ်ခြင်းတရားကို နှစ် သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် ဘုရားသခင်၊ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်၏အပေါင်းအဘော်တို့ထက်၊ ကိုယ်တော်ကို ချီမြှောက်၍၊ ဝမ်းမြာက်ခြင်းဆီနှင့်ဘိသိတ်ပေးတော်မူပြီ။

  23. အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။

  24. ထိုအခါတရားသဖြင့် ပူဇော်သောယဇ်၊ မီးရှို့ သောယဇ်၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော် မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလား တို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်။

  25. သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။