Skip to content

Laver အကြောင်း ကျမ်းစာအခန်းငယ်များ

25 အခန်းငယ် · 8 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။

  2. သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော်၎င်း၊၊

  3. အမှုတော်ကို ထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊

  4. အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြား မှာထား၍၊ ဆေးစရာရေကို အင်တုံ၌ ထည့်လေ၏။

  5. ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော်၎င်း၊

  6. ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။

  7. အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။

  8. ရေကန်အနားပတ် အောက်ပတ်လည်၌ အတောင်တတောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ၏။

  9. ထိုရေကန်သည် နွားတဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီ မျက်နှာပြုကြ၏။

  10. ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။

  11. အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ် ဝင်နိုင်သော ကြေးဝါအင်တုံတဆယ်ကိုလည်း လုပ်၍၊ ခုံတခုပေါ်မှာ အင်တုံတလုံးစီ တင်ထားလေ၏။

  12. အိမ်တော်လက်ျာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။

  13. အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။

  14. ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီး ရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏။

  15. နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။

  16. ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ၏။ ရေဗတ်သုံးထောင်ဝင်နိုင်၏။

  17. မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း။

  18. ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ်၍ ဗိမာန်တော်အတွင်း လက်ျာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။

  19. စားပွဲဆယ်ခုကိုလည်း လုပ်၍ ဗိမာန်တော် အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတရာကိုလည်း လုပ်လေ၏။

  20. ယဇ်ပုရောဟိတ်တန်တိုင်း၊ ပြင်တန်တိုင်းကြီး၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ်၍တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။

  21. ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။

  22. ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူ ကား၊

  23. တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊

  24. ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊

  25. ခုံများ၊ ခုံပေါ်မှာတင်ထားသောအင်တုံများ၊