Skip to content

Jabin အကြောင်း ကျမ်းစာအခန်းငယ်များ

16 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့၎င်း၊

  2. တောင်ရိုး မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက် နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့၎င်း၊

  3. အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင် ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗု သိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့၎င်း စေလွှတ်၍၊

  4. ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။

  5. ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ၏။

  6. ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။

  7. ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။

  8. ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။

  9. ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။

  10. ထိုအခါ ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း။

  11. ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။

  12. ထာဝရဘုရား၏ကျွန် မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။

  13. သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။

  14. ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။

  15. ထိုနေ့၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့်၊

  16. သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ၏။