Civil Officer အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ဉာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊
သင်တို့က ကိုယ်တော်ပြောသည်အတိုင်း ပြုကောင်း ပါသည်ဟု ပြန်ဆိုကြ၏။
ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသော လူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်း ဟူသော လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်၊ အကြပ်အဆော် အရာ၌ ခန့်ထား၏။
တရားသူကြီးတို့အားလည်း၊ သင်တို့ ညီအစ်ကို ၏ အမှုတို့ကို နားထောင်၍ အမျိုးသားချင်း တရားတွေ့ သည်ဖြစ်စေ၊ တပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ၊ တရားသဖြင့် စီရင်ကြလော့။
ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။
အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိ လူတို့ကိုအုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့ သည်လည်း မင်းသားအရာနှင့် နေကြ၏။
ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ်၏။
ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။
ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။
မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊
ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။
အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။
သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊
ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊