Skip to content

Blasphemy အကြောင်း ကျမ်းစာအခန်းငယ်များ

90 အခန်းငယ် · 19 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ်၏။ ခိုးတတ်သော သူရှိသမျှတို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှ တို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည်။

  2. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဘော်မည်။ ခိုး တတ်သော သူ၏အိမ်ထဲသို့၎င်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့၎င်း ဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။

  3. သင်တို့သည် ငါ့တဘက်၌ ရဲရင့်စွာ ပြောကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ သို့ရာတွင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်တဘက်၌ အဘယ်သို့ ပြောမိပါသနည်းဟု သင်တို့ မေးကြသည်တကား။

  4. ထာဝရဘုရား၏အမှုကို ဆောင်ရွက်သော် လည်း အကျိုးမရှိ။ စီရင်ထုံးဖွဲ့တော်မူချက်ကိုစောင့်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားရှေ့မှာ ညှိုးငယ် စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း။

  5. ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။

  6. လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

  7. သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရ နိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။

  8. အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူ ဖြစ်သည်ဟု ဆိုကြသတည်း။

  9. လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း၊ လူအသက်ကို သတ်ခြင်း၊

  10. သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊

  11. ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။

  12. ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊

  13. သခင်ဘုရားကြွလာမည်ဟူသော ဂတိတော် သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော် သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြလိမ့်မည်။

  14. ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ်နှင့်ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။

  15. ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။