Skip to content

Blasphemy အကြောင်း ကျမ်းစာအခန်းငယ်များ

90 အခန်းငယ် · 19 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။

  2. ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။

  3. ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။

  4. မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။

  5. ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။

  6. ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။

  7. ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။

  8. အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။

  9. ဘုရားသခင်ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။

  10. ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။

  11. ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊

  12. ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။

  13. သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။

  14. မမြင်နိုင်အောင် ထူထပ်သောတိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။

  15. ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။ ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။

  16. ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။

  17. ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။

  18. ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှါ မုသာပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သောအနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။

  19. ယခုမှာသင်သည် ဉာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦးလော့။ ငါ့စကားသံကို နားထောင်ဦးလော့။

  20. တရားကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်သလော။

  21. သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊ သင်တို့သည် အဓမ္မလူဖြစ်ကြ၏ဟုမင်းတို့ကို၎င်း ဆိုသင့် သလော။

  22. ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။

  23. အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ။

  24. အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။

  25. ဘုရားသခင်သည် တော၌စားပွဲကို ပြင်ဆင် နိုင်သလော။