Skip to content

Bethany အကြောင်း ကျမ်းစာအခန်းငယ်များ

33 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနု၏ အိမ်၌ ယေရှုရှိတော်မူသည်ဖြစ်၍၊

  2. မိန်းမတယောက်သည် အဘိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက်တလုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။

  3. တပည့်တော်တို့သည် မြင်လျှင် ဒေါသစိတ်ရှိသည်ဖြစ်၍ အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။

  4. ထိုဆီမွှေးကို အဘိုးများစွာနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်ဟုဆိုကြ၏။

  5. ယေရှုသည် သိတော်မူလျှင် ထိုမိန်းမကို အဘယ်ကြောင့်နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်း သောအမှုကိုပြုပြီ။

  6. ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်။

  7. ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌ သွန်းလောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှါ ပြုသတည်း။

  8. ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသောဤအမှုကို ကြားပြောရကြလတံ့ဟု မိန့်တော်မူ၏။

  9. ယေရုရှလင်မြို့နှင့် အနီးသံလွင်တောင်ခြေရင်း၌ ဗက်သနိရွာသို့ရောက်ကြသေအခါ တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်တောမမူ၍၊

  10. သင်တို့ရှေ့၌ ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှမစီးဘူသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ဆောင်ခံကြ။

  11. သူတပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြော ကြလော့။ ထိုသို့ပြောလျှင် သူတို့သည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။

  12. တပည့်တော်တို့သည်သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသောမြည်းကလေးကို တွေ့ပြီးလျှင် မြည်း ကြိုးကို ဖြည်ကြ၏။

  13. ထိုအရပ်၌ ရပ်နေသောလူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟုဆိုလျှင်၊

  14. ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။

  15. ယေရှုထံတော်သို့ မြည်းကလေးကိုဆောင်ခဲ့၍ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။

  16. လူအများတို့သည် မိမိတို့အဝတ်ကိုလမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခတ်များကို ခုတ်၍ လမ်း၌ ခင်းကြ၏။

  17. ရှေ့နောက်လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွတော်မူ သောသူသည် မင်္ဂလာရှိစေသတည်း။

  18. ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။

  19. ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော်သို့၎င်း ဝင်၍အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုဃ်းချုပ်သောကြောင့် တကျိပ်နှစ်ပါးသောသူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။

  20. နက်ဖြန်နေ့၌ ဗေသနိရွာမှပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။

  21. ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတရွာသို့ဝင်သော်၊ မာသအမည်ရှိသော မိန်းမတဦး သည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။

  22. ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကို နားထောင်လျက်နေ၏။

  23. မာသမူကား၊ လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ အကျွန်မ၏ညီမသည်၊ ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မပစ်ထားသည်အရာကို လျစ်လျူသော စိတ်ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီမည့်အကြောင်း အမိန့်တော်မူပါဟု လျှောက်သော်၊

  24. ယေရှုက၊ မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကို ခံရ၏။ လိုသော အရာတခုတည်းရှိ၏။

  25. ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။