Skip to content

Astronomy အကြောင်း ကျမ်းစာအခန်းငယ်များ: Sidereal phenomena

33 အခန်းငယ် · 2 ရှုထောင့်

Sidereal phenomena အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊

  2. ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ၍ လသည် ရပ်လေ၏။ ယာရှာ၏စာ၌ ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌နေသည် ရပ်နေ၏။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော။

  3. ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။

  4. မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ၏။

  5. နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။

  6. မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။

  7. အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။

  8. သင့်ကို ငါဆုံးစေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေမည်။ နေကို မိုဃ်းအုံ စေ၍ လသည်လည်း အလင်းကို မပေးရ။

  9. သင့်အထက်၊ မိုဃ်းကောင်းကင်၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍၊ သင့်ပြည်ကို မှောင် မိုက်နှင့် ဖုံးလွှမ်းမည်။

  10. ထိုကာလ၏ ဒုက္ခဆင်းရဲခြင်း နောက်မှနေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။

  11. ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။

  12. ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင် မိုက်အတိ ဖြစ်လေ၏။

  13. နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။

  14. အထက်မိုဃ်းကောင်းကင်၌ အံ့ဘွယ်သောအရာတို့ကို၎င်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့ကို၎င်း ငါပြမည်။

  15. ထာဝရဘုရား၏ ထူးမြတ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။

  16. ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။

  17. သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။

  18. မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။

  19. တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။

  20. ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။

  21. စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစု တစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ၊

  22. ပဉ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊

  23. သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။

  24. ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။

  25. ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည်ပင်လယ်ပေါ်မှာ၎င်း ၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ ၎င်း နင်း၍ ၊