အကြောင်းအရာသို့ ကျော်သွားရန်

Assyria အကြောင်း ကျမ်းစာအခန်းငယ်များ: The Jews condemned for following the idolatries of

43 အခန်းငယ် · 59 ရှုထောင့်

The Jews condemned for following the idolatries of အကြောင်း အခန်းငယ်များ

  1. ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသော မေထုန်ကိုပြု၏။ တပ်မက်သော သူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။

  2. အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့် သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။

  3. ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိ လူတို့၌ သူ့ကိုငါ အပ်၍၊

  4. သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏ သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။

  5. ထိုအမှုကို ညီမအဟောလိဗသည် မြင်သော အခါ၊ အစ်မထက်သာ၍ တပ်မက်သော စိတ်ရှိသည်နှင့်၊ အစ်မတက်သာ၍ မတရားသောမေထုန်ကို ပြု၏။

  6. တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ် သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။

  7. ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မ လိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။

  8. အထူးသဖြင့် မတရားသောမေထုန်ကို ပြုသော အကြောင်းအရာဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသော ပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဘွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အ သွင်ကိုဆောင်လျက်၊

  9. အုတ်ထရံ၌ဟင်းသပြတားနှင့်ရေးသော ခါလဒဲ လူ၏ ရုပ်ပုံတို့ကို မြင်သောအခါ၊

  10. တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကို စေလွှတ်လေ၏။

  11. ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာခုတင်သို့လာ၍၊ မတရားသောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည် တိုင်အောင်ညစ်ညူးခြင်းကိုခံလေ၏။

  12. ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှားဘော်ပြသောကြောင့်၊ ငါသည် သူအစ်မကိုရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။

  13. အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။

  14. မြည်အင်္ဂါနှင့်တူသော အင်္ဂါ၊ မြင်းသုတ်ရည်နှင့် တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက် လေသည်တကား။

  15. သို့ဖြစ်၍၊ အိုအဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကို ရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ် နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသော အဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊

  16. အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ရွံရှာသော ရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ် တို့ကလာ၍ တိုက်စေမည်။

  17. အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေး သူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ်ဘွယ်သော လူပျို၊ ဗိုမင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊

  18. စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့် တကွလာ၍ ဒိုင်း၊ လွှား၊ သံခမောက် လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရား စီရင်သော အခွင့်ကိုသူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။

  19. သူတို့သည် သင့်ကို မယုံမည်အကြောင်း၊ ငါပြု၍သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာ ခေါင်း၊ နားရွက်တို့ကို ဖြတ်၍အကျန်အကြွင်းကိုထားနှင့် စဉ်းကြလိမ့်မည်။ သင်၏သားသမီးတို့ကို သိမ်းသွား ၍၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြ လိမ့်မည်။

  20. သင့်အဝတ်ကိုလည်းချွတ်၍၊ တင့်တယ်သော တန်ဆာတို့ကို သိမ်းယူကြလိမ့်မည်။

  21. ထိုသို့သင်သည် နောက်တဖန် မျှောမကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည်။

  22. တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊

  23. သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင် ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကို ပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။

  24. သင်သည်တပါး အမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင် မည်။

  25. သင်သည် အစ်မလိုက်သော လမ်းကိုလိုက်သော ကြောင့်၊ သူသောက်သော ခွက်ကို သင့်လက်၌ ငါထား မည်။