Assyria အကြောင်း ကျမ်းစာအခန်းငယ်များ: Participation in the blessings of the gospel
Participation in the blessings of the gospel အကြောင်း အခန်းငယ်များ
ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။
ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့် ၎င်းပေါင်း၍၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည်။