circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်လုကာခရစ်ဝင် 12:36ခရစ်နှစ် 33 ခန့်
သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။
- ရှင်လုကာခရစ်ဝင် 12:37ခရစ်နှစ် 33 ခန့်
အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 12:38ခရစ်နှစ် 33 ခန့်
နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ၏။
- ရှင်လုကာခရစ်ဝင် 12:39ခရစ်နှစ် 33 ခန့်
အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ၏။
- ရှင်လုကာခရစ်ဝင် 12:40ခရစ်နှစ် 33 ခန့်
ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 12:41ခရစ်နှစ် 33 ခန့်
ပေတရုကလည်း၊ သခင်၊ ဤဥပမာကို အကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ လူအပေါင်းတို့အား မိန့်တော်မူသလောဟု မေးလျှောက်လျှင်၊
- ရှင်လုကာခရစ်ဝင် 12:42ခရစ်နှစ် 33 ခန့်
သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။
- ရှင်လုကာခရစ်ဝင် 12:43ခရစ်နှစ် 33 ခန့်
အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာ ရှိ၏။
- ရှင်လုကာခရစ်ဝင် 12:44ခရစ်နှစ် 33 ခန့်
ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။
- ရှင်လုကာခရစ်ဝင် 12:45ခရစ်နှစ် 33 ခန့်
သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။
- ရှင်လုကာခရစ်ဝင် 12:46ခရစ်နှစ် 33 ခန့်
ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့။
- ရှင်လုကာခရစ်ဝင် 12:47ခရစ်နှစ် 33 ခန့်
အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ၏။
- ရှင်လုကာခရစ်ဝင် 12:48ခရစ်နှစ် 33 ခန့်
သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ် ကိုသာ ခံရ၏။ အကြင်သူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 12:49ခရစ်နှစ် 33 ခန့်
မြေပေါ်၌ မီးလောင်စေခြင်းငှါ ငါလာသတည်း။ ထိုမီးမညှိမှီတိုင်အောင် ငါ၏အလိုမပြည့်စုံ။ ဗတ္တိဇံ တခုကိုလည်း ငါခံစရာရှိ၏။
- ရှင်လုကာခရစ်ဝင် 12:50ခရစ်နှစ် 33 ခန့်
ထိုဗတ္တိဇံကို မခံမှီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏။
- ရှင်လုကာခရစ်ဝင် 12:51ခရစ်နှစ် 33 ခန့်
မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှါ ငါလာသည်ဟု ထင်ကြသလော။ ထိုသို့သောအလိုငှါ ငါလာ သည်မဟုတ်။ အချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသည်ဟု ငါဆို၏။
- ရှင်လုကာခရစ်ဝင် 12:52ခရစ်နှစ် 33 ခန့်
အဘယ်သို့နည်းဟူမူကား၊ ယခုမှစ၍ အိမ်တအိမ်၌နေသော လူငါးယောက်တို့သည် နှစ်ယောက်တစု သုံးယောက်တစုအချင်းချင်း ကွဲပြားလိမ့်မည်။
- ရှင်လုကာခရစ်ဝင် 12:53ခရစ်နှစ် 33 ခန့်
အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမအချင်းချင်း ကွဲပြားလိမ့်မည်ဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 12:54ခရစ်နှစ် 33 ခန့်
တဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုဃ်းရိပ်တက် သည်ကို မြင်သောအခါ မိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ်၏။
- ရှင်လုကာခရစ်ဝင် 12:55ခရစ်နှစ် 33 ခန့်
တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။
- ရှင်လုကာခရစ်ဝင် 12:56ခရစ်နှစ် 33 ခန့်
လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခု ကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။
- ရှင်လုကာခရစ်ဝင် 12:57ခရစ်နှစ် 33 ခန့်
ထိုမှတပါးဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။
- ရှင်လုကာခရစ်ဝင် 12:58ခရစ်နှစ် 33 ခန့်
သင်သည်တရားတွေ့ဘက်နှင့်အတူ မင်းထံသို့သွားသောအခါ အမှုပြေစေခြင်းငှါ လမ်း၌ကြိုးစားလော့။ သို့မဟုတ် တရားတွေ့ဘက်သည်တရားသူကြီးရှေ့သို့ဆွဲမည်။ တရားသူကြီးသည် လုလင်ခေါင်း၌အပ်၍၊ လုလင် ခေါင်းသည် ထောင်ထဲ၌ လှောင်ထားမည်။
- ရှင်လုကာခရစ်ဝင် 12:59ခရစ်နှစ် 33 ခန့်
လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရ၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
- ရှင်လုကာခရစ်ဝင် 13:1ခရစ်နှစ် 33 ခန့်
ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏အသွေးကို မိမိတို့ ပူဇော် သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊