အကြောင်းအရာသို့ ကျော်သွားရန်

circa 6 BC – AD 30

The Life of Jesus

The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.

3,779 အခန်းငယ် · 4 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ရှင်ယောဟန်ခရစ်ဝင် 11:47ခရစ်နှစ် 33 ခန့်

    ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ၏။

  2. ရှင်ယောဟန်ခရစ်ဝင် 11:48ခရစ်နှစ် 33 ခန့်

    သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။

  3. ရှင်ယောဟန်ခရစ်ဝင် 11:49ခရစ်နှစ် 33 ခန့်

    ထိုသူတို့အဝင်။ ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့အလျှင်း မသိကြ။

  4. ရှင်ယောဟန်ခရစ်ဝင် 11:50ခရစ်နှစ် 33 ခန့်

    ယုဒလူမျိုးအကုန်အစင်ပျက်စီးသည်ထက်၊ လူတယောက်သည် လူများတို့အတွက် သေသော်သာ၍ ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟုပြောဆို၏။

  5. ရှင်ယောဟန်ခရစ်ဝင် 11:51ခရစ်နှစ် 33 ခန့်

    ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍၎င်း၊

  6. ရှင်ယောဟန်ခရစ်ဝင် 11:52ခရစ်နှစ် 33 ခန့်

    ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေး စေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဉာဏ်နှင့်ဟောပြော၏။

  7. ရှင်ယောဟန်ခရစ်ဝင် 11:53ခရစ်နှစ် 33 ခန့်

    ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။

  8. ရှင်ယောဟန်ခရစ်ဝင် 11:54ခရစ်နှစ် 33 ခန့်

    ထိုကြောင့်၊ ယေရှုသည် နောက်တဖန်ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။

  9. ရှင်ယောဟန်ခရစ်ဝင် 11:55ခရစ်နှစ် 33 ခန့်

    ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည်မိမိတို့ကိုသန့်ရှင်းစေခြင်းငှါ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင် မြို့သို့ လာကြ၏။

  10. ရှင်ယောဟန်ခရစ်ဝင် 11:56ခရစ်နှစ် 33 ခန့်

    ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့ အဘယ်သို့ထင်ကြသနည်း။ သူသည်ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။

  11. ရှင်ယောဟန်ခရစ်ဝင် 11:57ခရစ်နှစ် 33 ခန့်

    ထိုအခါအဘယ်သူသည် ယေရှုရှိရာအရပ်သို့ သူ့ကိုဘမ်းဆီးစေခြင်းငှါ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ် အကြီးတို့နှင့် ဖာရိရှဲတို့သည်မှာခဲ့ကြပြီ။

  12. ရှင်ယောဟန်ခရစ်ဝင် 12:1ခရစ်နှစ် 33 ခန့်

    ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။

  13. ရှင်ယောဟန်ခရစ်ဝင် 12:2ခရစ်နှစ် 33 ခန့်

    ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည်လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။

  14. ရှင်ယောဟန်ခရစ်ဝင် 12:3ခရစ်နှစ် 33 ခန့်

    ထိုအခါ မာရိသည် အဘိုးများစွာထိုက်သောနာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော် ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏ အမွှေးသည် တအိမ်လုံးကိုနှံ့ပြား၏။

  15. ရှင်ယောဟန်ခရစ်ဝင် 12:4ခရစ်နှစ် 33 ခန့်

    တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊

  16. ရှင်ယောဟန်ခရစ်ဝင် 12:5ခရစ်နှစ် 33 ခန့်

    ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အားအဘယ်ကြောင့် မပေး သနည်းဟုဆို၏။

  17. ရှင်ယောဟန်ခရစ်ဝင် 12:6ခရစ်နှစ် 33 ခန့်

    ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။

  18. ရှင်ယောဟန်ခရစ်ဝင် 12:7ခရစ်နှစ် 33 ခန့်

    ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင် အောင် သူသည်ဤဆီမွှေးကို သိုထားပြီး။

  19. ရှင်ယောဟန်ခရစ်ဝင် 12:8ခရစ်နှစ် 33 ခန့်

    ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။

  20. ရှင်ယောဟန်ခရစ်ဝင် 12:9ခရစ်နှစ် 33 ခန့်

    ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည်သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာ သည်မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ၏။

  21. ရှင်ယောဟန်ခရစ်ဝင် 12:10ခရစ်နှစ် 33 ခန့်

    ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား၍၊

  22. ရှင်ယောဟန်ခရစ်ဝင် 12:11ခရစ်နှစ် 33 ခန့်

    ယေရှုကို ယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှါ တိုင်ပင် စီရင်ကြ၏။

  23. ရှင်ယောဟန်ခရစ်ဝင် 12:12ခရစ်နှစ် 33 ခန့်

    နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊

  24. ရှင်ယောဟန်ခရစ်ဝင် 12:13ခရစ်နှစ် 33 ခန့်

    စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်းဟု ကြွေးကြော်ကြ၏။

  25. ရှင်ယောဟန်ခရစ်ဝင် 12:14ခရစ်နှစ် 33 ခန့်

    ကျမ်းစာ၌လာသည်ကား၊