circa 6 BC – AD 30
The Life of Jesus
The eternal Son of God enters history: born in Bethlehem, baptized in the Jordan, crucified at Golgotha, raised on the third day.
ဤကာလမှ အခန်းငယ်များ
- ရှင်ယောဟန်ခရစ်ဝင် 10:39ခရစ်နှစ် 33 ခန့်
ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 10:40ခရစ်နှစ် 33 ခန့်
ယောဟန်သည် ဗတ္တိဇံကို ရှေးဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 10:41ခရစ်နှစ် 33 ခန့်
လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော် လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊
- ရှင်ယောဟန်ခရစ်ဝင် 10:42ခရစ်နှစ် 33 ခန့်
ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:1ခရစ်နှစ် 33 ခန့်
ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတယောက်သည် နာ လျက်နေလေ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:2ခရစ်နှစ် 33 ခန့်
နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင် နှင့်သုတ်သော မာရိဖြစ်သတည်း။
- ရှင်ယောဟန်ခရစ်ဝင် 11:3ခရစ်နှစ် 33 ခန့်
ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက် နေပါသည်ဟုလျှောက်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:4ခရစ်နှစ် 33 ခန့်
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:5ခရစ်နှစ် 33 ခန့်
ယေရှုသည် မာသကို၎င်း။ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:6ခရစ်နှစ် 33 ခန့်
လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌နှစ်ရက်နေတော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:7ခရစ်နှစ် 33 ခန့်
ထိုနောက် တပည့်တော်တို့အား၊ ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
- ရှင်ယောဟန်ခရစ်ဝင် 11:8ခရစ်နှစ် 33 ခန့်
တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက် ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:9ခရစ်နှစ် 33 ခန့်
ယေရှုကလည်း၊ တနေ့တွင်တဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ လူသည်နေ့အချိန်၌သာ သွားလာ လျှင်၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍ မလဲတတ်။
- ရှင်ယောဟန်ခရစ်ဝင် 11:10ခရစ်နှစ် 33 ခန့်
ညဉ့်အချိန်၌သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊
- ရှင်ယောဟန်ခရစ်ဝင် 11:11ခရစ်နှစ် 33 ခန့်
ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကို နိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:12ခရစ်နှစ် 33 ခန့်
တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:13ခရစ်နှစ် 33 ခန့်
ယေရှုသည် လာဇရုသေကြောင်းကိုမှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့် တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:14ခရစ်နှစ် 33 ခန့်
ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊
- ရှင်ယောဟန်ခရစ်ဝင် 11:15ခရစ်နှစ် 33 ခန့်
ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြ ကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:16ခရစ်နှစ် 33 ခန့်
ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။
- ရှင်ယောဟန်ခရစ်ဝင် 11:17ခရစ်နှစ် 33 ခန့်
ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။
- ရှင်ယောဟန်ခရစ်ဝင် 11:18ခရစ်နှစ် 33 ခန့်
ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာကွာဝေးသည်ဖြစ်၍၊
- ရှင်ယောဟန်ခရစ်ဝင် 11:19ခရစ်နှစ် 33 ခန့်
မာသနှင့်မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည် လာ ကြ၏။
- ရှင်ယောဟန်ခရစ်ဝင် 11:20ခရစ်နှစ် 33 ခန့်
ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါသွား၏။
- ရှင်ယောဟန်ခရစ်ဝင် 11:21ခရစ်နှစ် 33 ခန့်
မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။