အကြောင်းအရာသို့ ကျော်သွားရန်

circa 930–586 BC

The Divided Kingdom

The kingdom splits into Israel and Judah; prophets warn of judgment as both nations slowly drift into idolatry and exile.

1,722 အခန်းငယ် · 3 ကျမ်း ပါဝင်သည်

ဤကာလမှ အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဓမ္မရာဇဝင်စတုတ္ထစောင် 13:6ခရစ်တော် မပေါ်မီ 856 ခန့်

    ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။

  2. ဓမ္မရာဇဝင်စတုတ္ထစောင် 13:7ခရစ်တော် မပေါ်မီ 856 ခန့်

    သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။

  3. ဓမ္မရာဇဝင်စတုတ္ထစောင် 13:8ခရစ်တော် မပေါ်မီ 856 ခန့်

    ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

  4. ဓမ္မရာဇဝင်စတုတ္ထစောင် 13:9ခရစ်တော် မပေါ်မီ 839 ခန့်

    ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  5. ဓမ္မရာဇဝင်စတုတ္ထစောင် 13:10ခရစ်တော် မပေါ်မီ 839 ခန့်

    ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။

  6. ဓမ္မရာဇဝင်စတုတ္ထစောင် 13:11ခရစ်တော် မပေါ်မီ 839 ခန့်

    ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန် အစင်လိုက်လေ၏။

  7. ဓမ္မရာဇဝင်စတုတ္ထစောင် 13:12ခရစ်တော် မပေါ်မီ 841 ခန့်

    ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်း အရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

  8. ဓမ္မရာဇဝင်စတုတ္ထစောင် 13:13ခရစ်တော် မပေါ်မီ 841 ခန့်

    ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌သင်္ဂြိုဟ်ခြင်း ကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်း တော်အရာ၌နန်းထိုင်၏။

  9. ဓမ္မရာဇဝင်စတုတ္ထစောင် 13:14ခရစ်တော် မပေါ်မီ 838 ခန့်

    ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ် တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည်လာ၍ သူ့ရှေ့ မှာ ငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။

  10. ဓမ္မရာဇဝင်စတုတ္ထစောင် 13:15ခရစ်တော် မပေါ်မီ 838 ခန့်

    ဧလိရှဲကလည်း၊ လေးနှင့်မြှားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။

  11. ဓမ္မရာဇဝင်စတုတ္ထစောင် 13:16ခရစ်တော် မပေါ်မီ 838 ခန့်

    လေးကိုတင်လော့ဟု တဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင် လက်ပေါ်မှာ တင်လျက်၊

  12. ဓမ္မရာဇဝင်စတုတ္ထစောင် 13:17ခရစ်တော် မပေါ်မီ 838 ခန့်

    အရှေ့ပြတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့် လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရ ဘုရားကယ်တင် တော်မူရာမြှား၊ ရှုရိမင်းလက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်ဟု ဆို၏။

  13. ဓမ္မရာဇဝင်စတုတ္ထစောင် 13:18ခရစ်တော် မပေါ်မီ 838 ခန့်

    မြှားတို့ကိုယူဦးလော့ဟု တဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။

  14. ဓမ္မရာဇဝင်စတုတ္ထစောင် 13:19ခရစ်တော် မပေါ်မီ 838 ခန့်

    ထိုအခါဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ်မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့် မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။

  15. ဓမ္မရာဇဝင်စတုတ္ထစောင် 13:20ခရစ်တော် မပေါ်မီ 837 ခန့်

    ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ် တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။

  16. ဓမ္မရာဇဝင်စတုတ္ထစောင် 13:21ခရစ်တော် မပေါ်မီ 837 ခန့်

    ဣသရေလလူတို့သည် လူတယောကို သင်္ဂြိုဟ် စဉ်တွင်၊ မော်ဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။

  17. ဓမ္မရာဇဝင်စတုတ္ထစောင် 13:22ခရစ်တော် မပေါ်မီ 856 ခန့်

    ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ် လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ ၏။

  18. ဓမ္မရာဇဝင်စတုတ္ထစောင် 13:23ခရစ်တော် မပေါ်မီ 856 ခန့်

    ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။

  19. ဓမ္မရာဇဝင်စတုတ္ထစောင် 13:24ခရစ်တော် မပေါ်မီ 856 ခန့်

    ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော် ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  20. ဓမ္မရာဇဝင်စတုတ္ထစောင် 13:25ခရစ်တော် မပေါ်မီ 836 ခန့်

    ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်း လက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟော ရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ၏။

  21. ဓမ္မရာဇဝင်စတုတ္ထစောင် 14:1ခရစ်တော် မပေါ်မီ 839 ခန့်

    ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှ နန်းစံနှစ်နှစ်တွင်၊

  22. ဓမ္မရာဇဝင်စတုတ္ထစောင် 14:2ခရစ်တော် မပေါ်မီ 839 ခန့်

    ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့ သူ ယုဒ္ဒန်အမည်ရှိ၏။

  23. ဓမ္မရာဇဝင်စတုတ္ထစောင် 14:3ခရစ်တော် မပေါ်မီ 839 ခန့်

    ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌တရား သော အမှုကိုပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမှီ၊ ခမည်းတော်ယောရှပြုသမျှအတိုင်းပြု၏။

  24. ဓမ္မရာဇဝင်စတုတ္ထစောင် 14:4ခရစ်တော် မပေါ်မီ 839 ခန့်

    သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာ ပေါင်းကို မီးရှို့ကြ၏။

  25. ဓမ္မရာဇဝင်စတုတ္ထစောင် 14:5ခရစ်တော် မပေါ်မီ 838 ခန့်

    အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သော ကျွန်တို့ကို သတ်လေ ၏။